Connect with us

Africa & Middle East

အီရန်နိုင်ငံခြားရေးဝန်ကြီး ရုရှားနိုင်ငံသို့ သွားရောက် ၊ နှစ်နိုင်ငံ အီရန်နျူကလီးယား သဘောတူညီချက်အပါအဝင် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး

ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov (ညာ) နှင့် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Zarif (ဘယ်) တို့ ယခင်နှစ်ဇွန်လ၌ တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန)

မော်စကို ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Zarif သည် ဇန်နဝါရီ ၂၆ ရက်က ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရာတွင် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ် စသော ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ တွေ့ဆုံဆွေးနွေးမှု အတွင်း ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အီရန်နျူကလီးယား သဘောတူညီမှုစာချုပ်အား ထိန်းသိမ်းခြင်းသည် ဒေသတွင်း နှင့် နိုင်ငံတကာတွင် အရေးပါသည့် ကိစ္စရပ်ဖြစ်ပြီး ရုရှား နိုင်ငံ နှင့် အီရန် နိုင်ငံတို့အနေဖြင့် အမှန်စင်စစ် အမေရိကန်နိုင်ငံ မှ သဘောတူညီချက် အား ဘက်စုံပြန်လည်လိုက်နာသွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က ပင်လယ်ကွေ့ဒေသလုံခြုံရေး ၊ အာဖဂန်နစ္စတန်အရေး ၊ ဆီးရီးယားအရေး ၊ ယီမင်အရေး နှင့် ပါလက်စတိုင်းအရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဆွေးနွေးမှုတွင် အကြမ်းဖက်မှု ၊ မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ်မှု ၊ နယ်စပ်ဖြတ်ကျော်ဒုစရိုက်ဂိုဏ်များ ပြစ်မှုဆောင်ရွက်ခြင်း စသည့်ကိစ္စရပ်များ အား အတူတကွ တိုက်ဖျက်ရေး နှင့် နှစ်နိုင်ငံအရေးပါသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်သွားပြီး အကျိုးဖြစ်ထွန်းစေမည်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးချဲ့ဆောင်ရွက်သွားရေးကို အလေးထား ပြောကြားခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ရုရှားနိုင်ငံ နှင့် အီရန်နိုင်ငံတို့သည် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူလူထု တို့၏ အကျိုးစီးပွား နှင့် အခြေခံ၍ ဆက်ဆံရေးအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် မည်သည့် တတိယအဖွဲ့အစည်း မှ သက်ရောက်မှု ရှိစေမည် မဟုတ်ကြောင်း ၊ အချို့သော အနောက်နိုင်ငံများ က ရုရှားနှင့် အီရန် နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အား ကန့်သတ်ရန် ကြံစည်မှုများသည် နိုင်ငံတကာဥပဒေအား ချိုးဖောက်သော တရားမဝင် ဆောင်ရွက်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နိုင်ငံ နှင့် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ က အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်အရ အီရန် နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယား စီမံကိန်း ကို ကန့်သတ်သွားရမည်ဖြစ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အီရန် နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ကို ပယ်ဖျက်ပေးရမည်ဖြစ်ကြောင်း ၊ သို့သော် အမေရိကန်နိုင်ငံသည် ၂၀၁၈ ခုနှစ် မေလ တွင် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန် နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ကို ဆက်တိုက်ဆောင်ရွက်ခဲ့ကြောင်း ၊ အီရန် နိုင်ငံအနေဖြင့်လည်း ၂၀၁၉ ခုနှစ် မေလ မှစတင်၍ အီရန်နျူလီးယားသဘောတူညီချက် တွင် ပါဝင်သော အချို့အချက်များကို လိုက်နာခြင်း စတင်ရပ်တန့်ခဲ့ကြောင်း ၊ သို့သော် အီရန်နိုင်ငံ ၏ ဆောင်ရွက်မှုများသည် ပြန်လည်ပြင်ဆင်နိုင်သည့် ဆောင်ရွက်မှုဖြစ်သည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)伊朗外长访问俄罗斯 双方讨论伊核协议等问题

  新华社莫斯科1月26日电(记者吴刚)伊朗外长扎里夫26日访问俄罗斯,与俄外长拉夫罗夫讨论了伊朗核问题全面协议等问题。
  据俄外交部网站26日发表的公报,拉夫罗夫在与扎里夫会谈时说,维护伊核协议是最迫切的地区和国际问题,俄伊两国真诚希望美国恢复全面履行协议。两国外长还讨论了海湾安全、阿富汗问题、叙利亚问题、也门问题、巴勒斯坦问题等。
  两国外长强调,反恐、打击毒品走私、打击跨国有组织犯罪等是俄伊两国合作的重要领域,两国将继续加强在上述领域具体的、有益的合作。
  拉夫罗夫在会谈后的联合新闻发布会上回答提问时说,俄伊根据两国和两国人民的利益发展关系,不受第三方影响。一些西方国家试图限制俄伊两国互惠合作,这是违反国际法的非法行为。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁措施。2019年5月以来,伊朗逐步中止履行协议部分条款,但承诺所采取措施“可逆”。(完)

Photo
这张俄罗斯外交部6月16日发布的照片显示,俄罗斯外长拉夫罗夫(右)与伊朗外长扎里夫在俄罗斯首都莫斯科共同出席新闻发布会。 新华社/卫星社