Connect with us

North America

ဘိုင်ဒန်အစိုးရက အမေရိကန်-အာဖဂန် တာလီဘန် သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက လက်မှတ်ရေးထိုးခဲ့သော အာဖဂန် တာလီဘန်နှင့် သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က ၎င်းနှင့် အာဖဂန် အမျိုးသား လုံခြုံရေးအကြံပေး Hamdullah Mohib နှင့် ယင်းနေ့အစောပိုင်းကတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ယင်းအစီအစဉ်ကို ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တာလီဘန်များအနေဖြင့် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ရေးဖြတ်တောက်ရန်၊ အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှု လျှော့ချရန်နှင့် အာဖဂန်အစိုးရနှင့် အခြားသောဆက်စပ်အဖွဲ့အစည်းများနှင့် လေးနက်သော ဆွေးနွေးညှိနှိုင်းမှုများကို စေ့စပ်ဆောင်ရွက်ရန် ဟူသော ၎င်းတို့၏ ကတိအတိုင်း နေထိုင်ခြင်းရှိမရှိကို အမေရိကန်နိုင်ငံက အကဲဖြတ်သွားမည်ဖြစ်ကြောင်း Sullivan က ပြောခဲ့သည်။

“မစ္စတာ Sullivan က အာဖဂန်နစ္စတန်အတွက် တည်ငြိမ်ပြီး၊ အချုပ်အခြာအာဏာနှင့် စိတ်ချမှုရှိတဲ့ အနာဂတ်တစ်ခု ပံ့ပိုးပေးဖို့ စုပေါင်းမဟာဗျူဟာနှင့်ပတ်သက်ပြီး အာဖဂန်နစ္စတန် အစိုးရ၊ နေတိုးမဟာမိတ်တွေ၊ ဒေသဆိုင်ရာမိတ်ဖက်တွေနဲ့ အနီးကပ်ဆွေးနွေးတိုင်ပင်ဖို့ ကတိပြုထားပါတယ်” ဟု ထုတ်ပြန်ချက်က ဖြည့်စွက်ဖော်ပြထားသည်။

အမေရိကန်နိုင်ငံနှင့် တာလီဘန်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်ပိုင်းက သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တာလီဘန်အနေဖြင့် သဘောတူညီချက်ပါ အခြေအနေများဖြင့် ကိုက်ညီပါက ၂၀၂၁ ခုနှစ် မေလတွင် အာဖဂန်နစ္စတန်မှ အမေရိကန် တပ်ဖွဲ့များ အပြည့်အဝဆုတ်ခွာရန် သဘောတူညီချက်က တိုက်တွန်းထားကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် စစ်သည် ၂,၄၀၀ ခန့် သေဆုံးခဲ့သော စစ်ပွဲသည် အမေရိကန် သမိုင်းတွင် အရှည်ကြာဆုံး စစ်ပွဲတစ်ခု ဖြစ်သည်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အကြီးတန်းအကြံပေးများက ပိုမို၍ သတိရှိရှိလုပ်ဆောင်ရန် အကြံပြုထားခဲ့သော်လည်း ၎င်း၏ သမ္မတသက်တမ်း နောက်ဆုံးလများအတွင်း စစ်သည်များ ဆုတ်ခွာရေး အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ အာဖဂန်နစ္စတန်တွင် အမေရိကန် စစ်သည်များကို အရေအတွက် ၂,၅၀၀ အထိ လျှော့ချပြီးဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ပင်တဂွန်က အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Biden administration to review U.S.-Afghan Taliban agreement
2021-01-23 07:26:00
WASHINGTON, Jan. 22 (Xinhua) — The White House said on Friday that the United States would review its agreement with the Afghan Taliban, which was signed in last February.
National Security Advisor Jake Sullivan told this plan in his phone conversation with his Afghan counterpart Hamdullah Mohib earlier in the day, according to a White House statement.
Sullivan said that the United States would assess “whether the Taliban was living up to its commitments to cut ties with terrorist groups, to reduce violence in Afghanistan, and to engage in meaningful negotiations with the Afghan government and other stakeholders.”
“Mr. Sullivan committed to consulting closely with the Government of Afghanistan, NATO allies, and regional partners regarding a collective strategy to support a stable, sovereign, and secure future for Afghanistan,” the statement added.
The United States and Taliban signed an agreement in late February 2020, which called for a full withdrawal of the U.S. military forces from Afghanistan by May 2021 if the Taliban meets the conditions of the deal, including severing ties with terrorist groups.
The war in Afghanistan, which has caused about 2,400 U.S. military deaths, is the longest one in U.S. history. The former President Donald Trump accelerated the pullout from the country in the final months of his presidency, though some of his senior aides had suggested a more cautious approach. The Pentagon confirmed last week that U.S. troops in Afghanistan had reduced to 2,500 level. Enditem
U.S. soldiers guard at the site of a suicide bombing in Kabul, Afghanistan, Feb. 26, 2015. (Xinhua/Ahmad Massoud)