Connect with us

Europe

အီတလီ ဝန်ကြီးချုပ် Giuseppe Conte ဘာကြောင့် ရာထူးမှ နုတ်ထွက်ရသလဲ

အီတလီနိုင်ငံ ရောမမြို့၌ ဇန်နဝါရီ ၁၈ ရက်က ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ် Giuseppe Conteအား တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီတလီ ဝန်ကြီးချုပ် Giuseppe Conteသည် ဇန်နဝါရီ ၂၆ ရက်က သမ္မတ Sergio Mattarella ထံသို့ နုတ်ထွက်စာ တင်ခဲ့သည်။Giuseppe Conte ဘာကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ပါသလဲ။ ထို့အတွက် မည်သို့ သက်ရောက်မှုမျိုး ဖြစ်ပေါ်လာနိုင်သလဲ။ အီတလီ၏ နိုင်ငံရေးအခြေအနေ မည်ကဲ့သို့သော မရေရာမှုများနှင့် ကြုံတွေ့ရမလဲ။

အီတလီဝန်ကြီးချုပ် Giuseppe Conte ဘာကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သလဲ။အီတလီ၏ ယခု ညွန့်ပေါင်းအစိုးရသည် ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီ(M5S)၊ ဒီမိုကရက်တစ်ပါတီ(PD)၊ အီတလီရှင်သန်ရေးပါတီ(IV)၊လွတ်လပ်ရေးနှင့်တရားမျှတရေးပါတီ(LeU) ပါတီ(၄)ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အီတလီနိုင်ငံ ရောမမြို့၌ ဇန်နဝါရီ ၁၉ရက်က ကျင်းပသည့် အထက်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ် Giuseppe Conteအား တွေ့ရစဉ်(ဆင်ဟွာ)

ယခုလ ၁၃ ရက်တွင် ဖက်ဒရယ်အစိုးရနှင့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ နိုင်ငံ၏ ပြန်လည်ထူထောင်ရေး စီမံကိန်း မူကြမ်းသတ်မှတ်ချက်များ၌ ကွဲလွဲမှုများရှိခြင်းကြောင့် အီတလီ ယခင်ဝန်ကြီးချုပ်ဟောင်း Matteo Renziက ၎င်းဦးဆောင်သော အီတလီရှင်သန်ရေးပါတီ(IV) ညွန်ပေါင်းအစိုးရမှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ထို့နောက်မကြာမီ ကက်ဘိနက်အတွင်း အရေးပါသည့် ရာထူးတာဝန်ယူထားသူ ၎င်း၏ပါတီဝင် (၃)ဦးသည်လည်း ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

IVပါတီ၏ နုတ်ထွက်မှုက Giuseppe Conteအစိုးရအတွက် အထက်လွှတ်တော်တွင် အများကြီးအသာစီးရနေမှု ဆုံးရှုံးခဲ့ရာ နိုင်ငံရေးစီမံအုပ်ချုပ်မှု အကျပ်အတည်းကျင်းသို့ ကျရောက်စေခဲ့သည်။ လွှတ်တော်နှစ်ရပ်၏ ယုံကြည်မှု ရှိမရှိ မဲဆန္ဒပြုမှုကို Giuseppe Conteက မဖြစ်မနေ ခံယူရပြီး မဲနှစ်ကြိမ်ခွဲပြီးမှသာ ယခုအစိုးရအနေအထားကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ယခုလ ၁၈ ရက်နှင့် ၁၉ ရက်က Giuseppe Conteအတွက် လွှတ်တော်နှစ်ရပ်လုံးတွင် ယုံကြည်မှု မဲဆန္ဒကို ရရှိခဲ့သည်။ သို့သော်လည်း အထက်လွှတ်တော်တွင် မဆိုစလောက်အားသာချက်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး သောင်ပြိုကမ်းပြိုအနိုင်ရခဲ့မှုမဟုတ်ခြင်းကြောင့် ၎င်းအစိုးရအတွက် နှစ်စဉ်ဘတ်ဂျတ်စသည့် မူဝါဒအများစုကို ချမှတ်၍အတည်ပြုရာတွင် အလွန်တရာမရေရာမှုများ ဖြစ်လာနိုင်သည်။

ယခုအစိုးရအတွက် လက်ရှိ မူဘောင်အတွင်း အထက်လွတ်တော်၌ အပြည့်အဝအသာစီးရမည့် ထောက်ခံမှုမျိုး ရရှိရန် ခဲယဉ်းရာ Giuseppe Conteက ရာထူးမှနုတ်ထွက်၍ ကက်ဘိနက်ပြန်လည်ဖွဲ့စည်းခွင့်ရရန် ၊ ပိုမိုကျယ်ပြန့်သည့် အာဏာရ ညွန့်ပေါင်းအစိုးရ တည်ဆောက်ရန်နှင့် လွတ်တော်တွင် အသာစီးရနိုင်ရန် ကြိုပမ်းကြည့်ခြင်း ဖြစ်နိုင်သည်။

နိုင်ငံရေးအခြေအနေ မည်သို့သော အပြောင်းအလဲဖြစ်မလဲ။

Giuseppe Conte၏ နုတ်ထွက်စာတင်ခြင်းအပေါ် သမ္မတ Sergio Mattarellaက လက်ခံမှုရှိမရှိ ယာယီ ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

သမ္မတရုံး၏ထုတ်ပြန်ချက်တွင် သမ္မတက ၎င်း၏ဆုံးဖြတ်ခွင့်ကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရမှ ယာယီအနေဖြင့် နေ့စဉ်စီမံအုပ်ချုပ်ရေးတာဝန်များကို ဆက်လက်ဆောင်ရွက်ပေးရန်နှင့် ဇန်နဝါရီ ၂၇ ရက်တွင် အခြားနိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သုံးသပ်လေ့လာသူများက အကယ်၍ ပါတီများအကြား မိမိကိုင်စွဲထားသည့် မူဝါဒများကို ညှိနှိုင်းနိုင်မည်ဆိုလျှင် ညွန့်ပေါင်းအစိုးရ အသစ်ဖွဲ့စည်းမည့်ကိစ္စ သဘောတူညီမှုရနိုင်ကြောင်း ၊ ထိုသို့ဆိုလျှင်Sergio Mattarellaက Giuseppe Conteကို ဝန်ကြီးချုပ်အသစ်ဖြစ် ကက်ဘိနက်ဖွဲ့ရန် ထပ်မံ တာဝန်ပေးကောင်းပေးနိုင်ကြောင်း ဆိုသည်။ ပါတီအသီးသီး၏ ထောက်ခံမှုဖြင့် Sergio Mattarellaက နည်းပညာကက်ဘိနက်အဖွဲ့ရန် အဆိုပြုနိုင်မည်လည်း ဖြစ်သည်။ အကယ်၍ အဆိုပါ ကိစ္စရပ်များအားလုံး မအောင်မြင်ခဲ့ပါက ရွေးကောက်ပွဲ ကြိုတင်ကျင်းပရန် မဖြစ်မနေ ဆောင်ရွက်ရမည်သာ ဖြစ်သည်။

နောင်လာမည့်အခြေအနေ မည်သို့အလားလာရှိနိုင်မလဲ။

အီတလီသည် လက်ရှိ ကိုဗစ် ကပ်ရောဂါကို ဆိုးဝါးစွာ ရင်ဆိုင်နေရရာ နိုင်ငံ၏ ပြန်လည်ထူထောင်ရေး စီမံကိန်းနှင့် အစိုးရဘတ်ဂျတ်စသည့် ကဏ္ဍများ တွန်းအားပေးလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေပါသည်။ သုံးသပ်လေ့လာသူအချို့က ယခုအခြေအနေမျိုးတွင် ရွေးကောက်ပွဲကြိုတင်ကျင်းပမည့် ဖြစ်နိုင်ချေ သိပ်မရှိဟု ဆိုကြသည်။

လက်ရှိ Giuseppe Conte ကက်ဘိနက်ပြန်လည်ဖွဲ့စည်းရန် အာဏာရ ညွန့်ပေါင်းအစိုးရ၏ထောက်ခံမှုကို ရရှိထားသည်။ အီတလီ၏ ယခုအကြိမ်ဖြစ်ပွားသည် နိုင်ငံရေးအကျပ်အတည်းတွင် ညွန့်ပေါင်းအစိုးရရှိ အဓိကပါတီများဖြစ်သည့် ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီ(M5S)၊ ဒီမိုကရက်တစ်ပါတီ(PD) ခေါင်းဆောင်များက Giuseppe Conteကို ထောက်ခံမှုများရှိခဲ့ရာ Giuseppe Conteအစိုးရသစ်ပြန်လည်ဖွဲ့စည်းရန် ထောက်ခံကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

အီတလီမီဒီယာများ၏ သုံးသပ်ချက်များအရ Giuseppe Conteသည် ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီ(M5S)၊ ဒီမိုကရက်တစ်ပါတီ(PD)၊ လွတ်လပ်ရေးနှင့်တရားမျှတရေးပါတီ(LeU)တို့၏ ထောက်ခံမှုဖြင့် နောက်ထပ်တစ်ကြိမ် ကက်ဘိနက်ဖွဲ့ရန် ကြိုးပမ်းကာ တတိယအကြိမ်မြောက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်လာနိုင်ကြောင်း သုံးသပ်ရေးသားထားကြသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)热点问答:意大利总理孔特为何辞职?

  新华社罗马1月26日电热点问答:意大利总理孔特为何辞职?
  新华社记者叶心可 李洁
 意大利总理孔特26日向总统马塔雷拉提出辞职。孔特为何辞职?辞职后会带来哪些影响?意大利政局将面临哪些不确定性?
(小标题)孔特缘何辞职
  意大利本届联合政府由五星运动、民主党、活力党以及自由与平等党四个政党组成。
  本月13日,由于与联合政府在新冠疫情防控问题及国家复苏计划草案的制定上存在分歧,意大利前总理伦齐宣布其领导的活力党退出执政联盟,在内阁担任要职的3名活力党成员也随即宣布辞职。活力党的退出使孔特政府失去了在参议院的绝对多数优势,政府陷入执政危机。孔特不得不接受参众两院的信任投票,两次投票通过才能确保本届政府能继续执政。
本月18和19日,孔特政府在众参两院中通过了信任投票,但在参议院仅以微弱优势赢得相对多数支持,未达到绝对多数门槛,这将对包括年度预算等在内的多项政策的通过带来极大不确定性。
 由于本届政府难以在现有框架下获得参议院绝对多数支持,孔特试图通过辞职来争取重新受权组阁,建立更广泛的执政联盟,以寻求达到议会绝对多数。
(小标题)政局如何发展
在孔特向总统马塔雷拉递交辞呈后,马塔雷拉暂未就是否接受辞职做出表态。
  总统府发表声明说,总统保留其决定权,请现任政府暂时继续处理日常事务,并将于27日与意大利各政党领袖进行磋商。分析人士表示,如果各党派能磨合各自政策主张、就建立新执政联盟一事达成共识,那么马塔雷拉可以再次授权孔特或任命新总理组阁。在获得议会各党派支持的情况下,马塔雷拉也可以提议组建一个技术官僚内阁,以处理紧要事务。如果上述选项都未获得通过,提前举行选举将不得不提上日程。
  (小标题)后续走向如何
 意大利目前正面临严峻的新冠疫情考验,国家复苏计划及政府年度预算等议题也亟待推进。分析人士认为,在此情况下意大利举行提前选举的可能性不大。
目前,孔特已获得执政联盟对其重新组阁的支持。自本次执政危机以来,意大利执政联盟中的主要政党五星运动及民主党领袖均在不同场合声援孔特,表示支持孔特组建新政府。
 据意大利媒体分析,孔特很可能在五星运动、民主党及自由与平等党的支持下再次尝试组阁,第三次出任总理。(完)
图说1:1月18日,在意大利罗马,意大利总理孔特在众议院发表讲话。孔特领导的执政联盟当日晚赢得议会众议院信任投票。(新华社发)
图说2:1月19日,在意大利罗马,意大利总理孔特(第二排中)出席参议院会议。孔特领导的执政联盟当日晚赢得议会参议院信任投票。(新华社发)