ဟနွိိုင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း နှင့် ကုန်းမြင့်ဒေသများတွင် မကြာသေးခင်ရက်များအတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးမှုနှင့်အတူ မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၈ ဦးသေဆုံးပြီး အခြား ၁၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း အလယ်ပိုင်းဒေသ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး...
ဝါရှင်တန် ၊အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ စုစုပေါင်းပြင်ပကြွေးမြီသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇၄ ဘီလီယံ ရှိခဲ့ရာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်က ကမ္ဘာ့ဘဏ်အုပ်စု၏ နောက်ဆုံးထုတ်ပြန်သော နိုင်ငံတကာကြွေးမြီစာရင်းအင်း (IDS) အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်က မီးရထားနှင့် ဘတ်စ်ကားတိုက်မိမှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူ ၁၇ ဦးသေဆုံးပြီး အခြား ၃၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က COVID-19 ရောဂါအတွက် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရာမှ သမ္မတ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့သို့ အောက်တိုဘာ ၁၀ ရက်က ထွက်လာခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအစိုးရက အောက်တိုဘာ ၈ ရက်၌ အီရန်နိုင်ငံ၏ ဘဏ် ၁၈ ခုအား ပိတ်ဆို့အရေးယူမှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုအပေါ် အပြင်းအထန်ပြစ်တင်ဝေဖန်ကြောင်း ပြောကြားခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးကြီး ရေလျှံမှုကြောင့် လူ ငါးဦးသေဆုံးပြီး အခြားသူ သုံးဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက ပြောကြားခဲ့သည်။
ရောမ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အီတလီ နိုင်ငံအစိုးရ၏ အောက်တိုဘာ ၇ ရက်က နောက်ဆုံးထုတ်ပြန်ကြေညာခဲ့သည့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို အရှိန်မြှင့်တင်ကြောင်း နှင့် နိုင်ငံတော် အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁...
ရီယာ့ဒ်၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းကို အစွမ်းကုန် မြှင့်တင် တွန်းအားပေး ဆောင်ရွက်ကြမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်က ကျင်းပသည့် G20 အဖွဲ့ဝင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ ဗွီဒီယိုအစည်းအဝေးတွင် ကတိပြုခဲ့ကြကြောင်း သိရသည်။