တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အီရန် နှင့် ရုရှား ရေတပ်တို့သည် ကက်စပီယန်ပင်လယ်အတွင်းတွင် ပူးတွဲ၍ စစ်ရေးလေ့ကျင့်ရန် စီစဉ်လျက်ရှိကြောင်း အီရန်ရေတပ်မှ တပ်မှူးကြီးတစ်ဦး ဇန်နဝါရီလ ၆ ရက်နေ့တွင်ပြောသည်။
လီဘရီဗယ်လီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများသည် ဇန်နဝါရီ ၇ ရက် အစောပိုင်းတွင် နိုင်ငံပိုင် အသံလွှင့်ဌာန အား သိမ်းပိုက်ပြီး နိုင်ငံတော်ကောင်စီ တစ်ရပ် ထူထောင်ကြောင်း ကြေညာခဲ့သည်ကို ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာက စမ်းသပ်ကာလအဖြစ် ကမ္ဘာ့ပထမဆုံး ကင်မရာများအသုံးပြု၍ ကားမောင်းရင်း လက်ကိုင်ဖုန်းအသုံးပြုသူ ၁၁,၀၀၀ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ယင်းနည်းပညာအား ဇန်နဝါရီ ၇ ရက်မှစ၍ ဆစ်ဒနီမြို့ နေရာတစ်ချို့တွင် အမြဲတမ်းတပ်ဆင်အသုံးပြုကာ ကားမောင်းရင်း ဖုန်းအသုံးပြုသူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း...
ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် ဒုတိအကြိမ်တွေ့ဆုံမည့်နေရာကို ဆွေးနွေး နေဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၆ ရက်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။
တိုကျို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုတွင် ဇန်နဝါရီ ၆ရက်က ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရ၍ အဓိက လေဆိပ်တစ်ခု၌် ခရီးသည် ၂,၀၀၀ ခန့် တစ်ညလုံးသောင်တင်နေကြောင်း ပြည်တွင်း သတင်းတစ်ခုကဖော်ပြခဲ့သည်။
အေသင်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဂရိနိုင်ငံတွင် အအေးလှိုင်းဖြတ်သန်းမှုကြောင့် ရာသီဥတုအခြေအနေဆိုးဝါးလျက်ရှိရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မီးသတ် ဦးစီးဌာနက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဖိုင်ဇာဘတ်ဒ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Badakhshan ပြည်နယ် Kohistan ခရိုင်တွင် ဇန်နဝါရီ ၆ရက်က မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြားလူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDMA) အကြီးအကဲ Sayed Abdullah...
ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဘုရင်မင်းမြတ် ဆူလ်တန်မူဟာမက် V (Sultan Muhammad V) သည် နိုင်ငံ့ဦးသျှောင် အဖြစ် နှစ်နှစ်ကျော် ထီးနန်းစိုးစံခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် နန်းစွန့်သွားခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဇန်နဝါရီ ၆ ရက်က ပြင်းအား ၅.၉ အဆင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ယခုအချိန်ထိ ဒဏ်ရာရသူ အနည်းဆုံး ၇၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ပိုင်း အစွန်းအဖျား ရှိ လမ်းမတစ်ခုတွင် ဇန်နဝါရီ ၆ရက် အစောပိုင်းက ခရီးသွား ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ ၅၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။