Connect with us

Asia

ဖိလစ်ပိုင်လေကြောင်းကုမ္ပဏီက ဝန်ထမ်းအင်အား ၃၅ ရာခိုင်နှုန်း လျှော့ချ

ဖိလစ်ပိုင်နိုင်ငံ ပါစေးမြို့ မြင်ကွင်းများအား မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

လေကြောင်းလုပ်ငန်းများ ကိုဗစ် ကပ်ရောဂါ ဂယက် ရိုက်ခတ်မှုကို ဆက်တိုက်ခံနေရသောကြောင့် ကုမ္ပဏီအနေဖြင့် ဝန်ထမ်း ၂,၇၀၀ ဦး၊ စုစုပေါင်း ဝန်ထမ်းအရေအတွက်၏ ၃၅ ရာခိုင်နှုန်းခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လေကြောင်းလိုင်းကုမ္ပဏီ(Philippine Airlines)က ပြီးခဲ့သည့်ရက်များတွင် ကြေညာခဲ့သည်။

လေကြောင်းခရီးသွားလိုအပ်ချက်များ အလွန်အမင်းလျော့နည်းလာခြင်းနှင့် ပြည်တွင်းပြည်ပ သက်ဆိုင်ရာ ခရီးသွားကန့်သတ်ချက်များကြောင့် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုမှာ ကပ်ရောဂါမတိုင်မီကာလ၏ ၁၅ ရာခိုင်နှုန်းပင် မရှိတော့ခြင်းကြောင့် မလွှဲသာ၍ ဝန်ထမ်းလျှော့ချရခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်လေကြောင်းလိုင်း ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ ပါစေးမြို့ မြင်ကွင်းများအား မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခု ဝန်ထမ်းလျှော့ချခြင်းနှင့် အသုံးစရိတ် ကျစ်လစ်အောင်ဆောင်ရွက်ခြင်းသည် ကုမ္ပဏီ ဖွဲ့စည်းမှုနှင့်ပြန်လည်နိုးထရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း ၊ကပ်ရောဂါ ကူးစက်ပြန်နှံ့နေသည့်အခြေအနေတွင် ဖိလစ်ပိုင်လေကြောင်းကုမ္ပဏီ၏ ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းကို ပြန်လည်တည်ဆောက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ ပါစေးမြို့ မြင်ကွင်းများအား မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုမတိုင်မီ ဖိလစ်ပိုင်လေကြောင်းလိုင်းကုမ္ပဏီ၏ ထုတ်ပြန်မှုများအရ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ကုမ္ပဏီအနေဖြင့် ယခုနှစ်ပထမရာသီတွင် အမေရိကန် ဒေါ်လာ ၁၈၃ သန်း နစ်နာဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)   

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.