နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆင်းရဲနွမ်းပါးမှုအား တိုက်ဖျက်ရေး ကြိုးပမ်းမှုတစ်ခုအနေဖြင့် ၂၀၁၉ခုနှစ်တွင် အနိမ့်ဆုံးလုပ်ခလစာ ကို တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၁၅ဒေါ်လာ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်ဦးစီးချုပ် ကီဗင်ဆွင်နီ (Kevin Sweeney) သည် ၎င်းအနေဖြင့် ရာထူးမှ နှုတ်ထွက်ကြောင်းကို ဇန်နဝါရီ ၅ရက်တွင်ကြေညာခဲ့သည်။
မနီလာ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အင်အားအလွန်ပြင်းထန်သော မုန်တိုင်းတစ်လုံး တိုက်ခတ်ခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးမှု နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိသေဆုံးသူ ၁၂၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အစိုးရသဘာဝဘေးအန္တရာယ်အေဂျင်စီတစ်ခုက ယနေ့ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Amatignak ကျွန်း အရှေ့အရှေ့တောင်ဘက် ၆၈ကီလိုမီတာ အကွာတွင် ဇန်နဝါရီ ၅ရက်က အင်အား ၆.၀ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။
တိုကျို ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တိုယိုဆု(Toyosu) ငါးဈေးတွင် ပထမဆုံးနှစ်သစ်လေးလံပွဲ၌ အပြာရောင်ကြေးခွံတူနာငါးကြီးတစ်ကောင်ကို ဂျပန်ယန်း ၃၃၃.၆ သန်း ( အမေရိကန်ဒေါ်လာ ၃.၁ သန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဂျပန်မီဒီယာကဖော်ပြခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
နယူးယောက် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ Tarauaca ဒေသ အနောက်ဖက် ၈၉ ကီလိုမီတာအကွာ၌ ပြင်းအား ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်း ပါဘတ် (Pabuk) တိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ကျေးရွာသား ၃၄,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း အဆင့်မြင့် အစိုးရအရာရှိတစ်ဦးက ဇန်နဝါရီလ ၅ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း ပါဘတ် (Pabuk) သည် ဇန်နဝါရီလ ၅ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံတောင်ပိုင်း တစ်ဖက်ခြမ်းမှ အခြားတစ်ဖက်ခြမ်းသို့ ရွေ့လျားသွားနေကြောင်း၊ လေပြင်းတိုက်ခတ်မှု မြင့်မားခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒီရေမြင့်တက်ခြင်းများ ရှိနိုင်ကြောင်း သိရသည်။
ဝါဆော၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံတွင် အခန်းတွင်းမှ လွတ်မြောက်ခြင်းကစားနည်း (Escape Room Game) ကစားနေစဉ် ဆယ်ကျော်သက် မိန်းကလေး ၅ ဦး မီးလောင်သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပိုလန် အာဏာပိုင်များက ဇန်နဝါရီလ ၄ ရက်၌ ပြောကြားခဲ့သည်။