Connect with us

North America

တရုတ်-အမေရိကန် နှစ်နိုင်ငံ လုံး၏ လုပ်ငန်း ကုမ္ပဏီ များ က တစ်ဖက်နိုင်ငံ တွင် ဆက်လက်၍ လုပ်ကိုင်ဆောင်ရွက်သွားလိုကြောင်း စစ်တမ်းကောက်ယူမှု အရ သိရှိရ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက် တွင် အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့စဉ်(ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ် နိုင်ငံ ပညာရှင်များ နှင့် စီးပွားရေး နယ်ပယ် အတွင်း လုပ်ကိုင်ဆောင်ရွက် နေသူများ က လတ်တလောရက်ပိုင်း အတွင်း အမေရိကန် နိုင်ငံရှိ တရုတ် နိုင်ငံ ကုန်သည်ကြီးများ အသင်း တွင် ဗီဒီယို မှ တစ်ဆင့် အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး တွင် စစ်တမ်းကောက်ယူမှုများ အရ လက်ရှိချိန်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ မှ ကုန်သည်လုပ်ငန်းရှင်များ က ကပ်ရောဂါ ကြောင့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရသော်လည်း နှစ်နိုင်ငံ လုပ်ငန်းရှင်များ အနေဖြင့် တစ်ဖက် နိုင်ငံ တွင် စီးပွားရေး လုပ်ငန်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားလိုကြ ကြောင်း ပြောကြား ခဲ့ကြသည်။

အမေရိကန် နိုင်ငံ PricewaterhouseCoopers ကုမ္ပဏီ ၏ ဈေးကွက် သုံးသပ်မှုဌာန တရုတ် နိုင်ငံ ဆိုင်ရာ လုပ်ငန်း တာဝန်ခံ က တရုတ်-အမေရိကန် နှစ်နိုင်ငံ မှ လုပ်ငန်းရှင်များ က တစ်ဖက်နိုင်ငံ ၏ ဈေးကွက်တွင် လုပ်ငန်း ဆောင်ရွက်မှု ဆက်လက်လုပ်ကိုင်သွားကြလိုပြီး အစီရင်ခံစာများအရ ၈၀ ရာခိုင်နှုန်း အထက် သော အမေရိကန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ က တရုတ် နိုင်ငံ ဈေးကွက် မှ နှုတ်ထွက်သွားရန် မစဉ်းစားကြောင်း ၊ ရှန်ဟိုင်း ရှိ အမေရိကန် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း က လတ်တလောရက်ပိုင်း တွင် ထုတ်ပြန်ခဲ့သော ကြေညာချက် ၌ စစ်တမ်းကောက်ယူခဲ့သည့် အဖွဲ့ဝင် လုပ်ငန်းရှင်ပေါင်း ၃၄၀ ကျော် အနက် ၉၂ ရာခိုင်နှုန်းခန့်က တရုတ် နိုင်ငံ တွင် လုပ်ငန်း ဆက်လက် လုပ်ကိုင်သွားလိုကြကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီးဟောင်း Max Baucus က တရုတ် နိုင်ငံ တွင် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ရသော ပတ်ဝန်းကျင် က အဆက်အပြတ် ကောင်းမွန်လာ ခဲ့ပြီး အမေရိကန် နိုင်ငံ ကုန်သည်လုပ်ငန်းရှင် များက တရုတ် နိုင်ငံ တွင် ပူးပေါင်းရင်းနှီးမြှုပ်နှံစရာမလိုဘဲ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ၊ Bank of China အမေရိကန် ဘဏ်ခွဲ ဥက္ကဋ္ဌ ရွှီချိန် က လတ်တလောရက်ပိုင်း အတွင်း ထုတ်ပြန်ခဲ့သည့် “၂၀၂၀ ပြည့်နှစ် အမေရိကန် ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ ဆိုင်ရာ အစီရင်ခံစာ” တွင် စစ်တမ်း ကောက်ယူ ခဲ့သည့် လုပ်ငန်း ကုမ္ပဏီများ အနက် ၉၅ ရာခိုင်နှုန်း က အမေရိကန် ဈေးကွက် မှ နှုတ်ထွက်ရန် မစဉ်းစားထားကြောင်း ၊ ၇၀ ရာခိုင်နှုန်းသော လုပ်ငန်း ကုမ္ပဏီများ က အမေရိကန် နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရွှေ့ဆိုင်းခြင်း နှင့် ပယ်ဖျက်ရန် အစီအစဉ် မရှိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံ PricewaterhouseCoopers ကုမ္ပဏီ ၏ ဈေးကွက် သုံးသပ်မှုဌာန တရုတ် နိုင်ငံ ဆိုင်ရာ လုပ်ငန်း တာဝန်ခံ က လက်ရှိချိန်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ အကြား စီးပွားရေး နှင့် ကုန်သွယ်ရေး ဆက်သွယ်မှု က ယခင်ချိန်များထက် ပိုမို နီးကပ်နေပြီး လတ်တလောနှစ်ပိုင်း တွင် အမေရိကန် နိုင်ငံ ၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ဆောင်ရွက်မှုကြောင့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ အမေရိကန် နိုင်ငံ တွင် လုပ်ကိုင်ဆောင်ရွက်ရန် အတွက် အနုတ်လက္ခဏာများ ဖြစ်ပွားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ Columbia University စီးပွားရေးပညာ ပါမောက္ခ Jeffrey Sachs က တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များက အမေရိကန် နိုင်ငံ တွင် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေး နိုင်ခဲ့ပြီး အမေရိကန် နိုင်ငံ အစိုးရ ၏ တစ်နေ့တစ်ခြား တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ အပေါ် ဆောင်ရွက်မှုများ က စိုးရိမ်ဖွယ်ရာကောင်းကြောင်း ပြောကြား ခဲ့သည်။  (Xinhua)