Connect with us

Asia

အိန္ဒိယနိုင်ငံ Tata Motors က ခရီးသည်တင်ယာဉ် ဈေးနှုန်းများအား ပျမ်းမျှ ၁.၈ ရာခိုင်နှုန်း မြှင့်တင်

Tata Motors ၏ လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မွမ်ဘိုင်း၊ မေ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ဦးဆောင်မော်တော်ကားထုတ်လုပ်သူ Tata Motors သည် မေ ၈ ရက်မှစ၍ ၎င်း၏ ခရီးသည်တင်ယာဉ်စျေးနှုန်းများအား ကွဲပြားခြားနားမှုနှင့် မော်ဒယ်များအလိုက် ပျမ်းမျှ ၁.၈ ရာခိုင်နှုန်း မြှင့်တင်လိုက်ကြောင်း ကုမ္ပဏီက မေ ၇ ရက်က ပြောကြားခဲ့သည်။

“သံမဏိနဲ့ အဖိုးတန်သတ္တုတွေကဲ့သို့ အသုံးအဆောင်ပစ္စည်းဈေးနှုန်းတွေ တက်သွားတော့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ဈေးနှုန်းတွေ မြှင့်တင်ဖို့ မဖြစ်မနေလိုအပ်လာပါတယ်” ဟု မွမ်ဘိုင်းမြို့ အခြေစိုက် Tata Motors ခရီးသည်တင်ကားလုပ်ငန်းယူနစ် ဥက္ကဋ္ဌ Shailesh Chandra က ပြောခဲ့သည်။

အိန္ဒိယနိုင်ငံရှိ မော်တော်ကား ကုမ္ပဏီများစွာသည် ဧပြီလ၌ မော်တော်ယာဉ်ဈေးနှုန်းများ မြှင့်တင်ခဲ့ကြပြီး ယခုနှစ်အတွင်း ဒုတိယမြောက် ဈေးနှုန်းမြင့်တက်ခြင်လည်း ဖြစ်ခဲ့သည်။

သံမဏိမှ semi-conductor များအထိ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် အိန္ဒိယရှိ မော်တော်ကား ထုတ်လုပ်သူများသည် ယခုနှစ်အတွင်း ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း မော်တော်ကား လေ့လာဆန်းစစ်သူတစ်ဦးက ဆိုသည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံး မော်တော်ကားထုတ်လုပ်သူ Maruti Suzuki က ဧပြီလအတွင်း မော်တော်ကား မော်ဒယ်အလိုက် ဈေးနှုန်းများအား ၁ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းအကြား၊ အနည်းဆုံး ရူပီး ၅,၀၀၀ မှ အများဆုံး ရူပီး ၃၄,၀၀၀ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
India’s Tata Motors raises passenger vehicle prices by average 1.8 percent
Source: Xinhua| 2021-05-08 09:58:29|Editor: huaxia
MUMBAI, May 8 (Xinhua) — India’s leading automobile manufacturer, Tata Motors, has raised prices of its passenger vehicles effective Saturday by an average 1.8 percent depending on the variant and model, the company said on Friday.
“Increase in prices of commodities, such as steel and precious metals, necessitates us to pass on a part of it through increase in price of our products,” said Shailesh Chandra, president of Passenger Vehicles Business Unit at Tata Motors based in Mumbai.
Several Indian automobile companies had raised vehicle prices in April, which was the second price hike of the calendar year.
Rising raw material prices from steel to semi-conductors, among others, has forced Indian auto manufacturers to raise their price this year, said an auto analyst with a domestic brokerage house.
In April, India’s largest car manufacturer Maruti Suzuki increased prices between 1 to 6 percent from a minimum of Rs 5,000 and maximum of Rs 34,000, depending upon the vehicle model. Enditem