Connect with us

Asia

CPEC အဆင့် ၂ ၏ အကျိုးကျေးဇူးများ စတင်ရရှိတော့မည်ဖြစ်ကြောင်း ပါကစ္စတန် တာဝန်ရှိသူပြော

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် Mansehra မှ Karakoram Highway (KKH) သို့ အဆင့်နှစ် စီမံကိန်း၏ ဒုတိယလမ်းပိုင်းအား တွေ့ရစဉ် (ဓာတ်ပုံ- China Road and Bridge Corporation/Handout via Xinhua)

အစ္စလာမ်မာဘတ်၊ မေ ၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအနေဖြင့် စက်မှုနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော လမ်းကွန်ရက်ချိတ်ဆက်မှု ပုံစံအရ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ဒုတိယအဆင့်၏ အကျိုးကျေးဇူးများကို စတင်ရရှိတော့မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ CPEC အာဏာပိုင် Asim Saleem Bajwa က ပြောကြားခဲ့သည်။

CPEC ၏ နောက်ဆုံးအဆင့်အရ လမ်းအမြောက်အများကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားပြီး ပြီးစီးပါက ဒေသခံများအတွက် ကောင်းမွန်သော ကွန်ရက်ချိတ်ဆက်မှု ရရှိနိုင်မည်ဖြစ်သလို နိုင်ငံအတွင်း စီးပွားရေး အခွင့်အလမ်းများ မြင့်တက်လာမည်ဖြစ်ကြောင်း Bajwa က မေ ၄ ရက် ညပိုင်း၌ မီဒီယာအား ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် Sahiwal မြို့ရှိ Sahiwal ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ တာဝန်ရှိသူက CPEC မူဘောင်အရ တည်ဆောက်လျက်ရှိသော အထူးစီးပွားရေးဇုန်များ (SEZs) နှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေချောမွေ့စေရန် ပြတင်းတစ်ပေါက်စနစ် ဆောင်ရွက်မှု ပံ့ပိုးပေးလျက်ရှိသော ၎င်းဇုန်များတွင် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများမှ လျှောက်ထားမှုများစွာ လက်ခံရရှိလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ပန်ဂျပ်ပြည်နယ် Faisalabad မြို့ရှိ Allama Iqbal SEZ တွင် ကနေဒါ၊ ဗြိတိန်နှင့် ဂျာမနီ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများက ဒေသခံမိတ်ဖက်များနှင့် ဖက်စပ်ပုံစံဖြင့် စက်မှုလုပ်ငန်း တည်ထောင်ရန် လျှောက်ထားလျက်ရှိကြောင်း၊ ၎င်းတို့အပြင် အမေရိကန်နိုင်ငံမှ ဆရာဝန်အချို့နှင့်အတူ ပါကစ္စတန်-အမေရိကန် ဆရာဝန်များကလည်း အထူးစီးပွားရေးဇုန်တွင် ဆေးဝါးကဏ္ဍ တည်ဆောက်ရန် ချဉ်းကပ်မှုရှိခဲ့ကြောင်း Bajwa က ဆိုသည်။

ပါကစ္စတန်နိုင်ငံတွင် ထိရောက်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း CPEC အောက်တွင် တရုတ်နိုင်ငံနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုအတွက် မိတ်ဆက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

CPEC ဒုတိယအဆင့်က ပါကစ္စတန်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ပါးရန်နှင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) တိုးတက်ရန် အထောက်အကူပြုသွားမည်ဖြစ်ကြောင်း မေ ၄ ရက် နံနက်အစောပိုင်းက ကရာချိ စီးပွားရေးနှင့် လုပ်ငန်းရှင်များအသင်း ဖွင့်ပွဲအခမ်းအနား၌ Bajwa က ထည့်သွင်းပြောခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော CPEC သည် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဂွာဒါဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနောက်မြောက်ပိုင်းရှိ ကက်ရှ်ဂါမြို့ကြား စင်္ကြံချိတ်ဆက်ထားခြင်းဖြစ်ပြီး စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မီးမောင်းထိုးပြခြင်းလည်း ဖြစ်သည်။ (Xinhua)

———————————–
(English Version)
Time to reap benefits of CPEC phase two: Pakistani official
Source: Xinhua| 2021-05-06 09:57:35|Editor: huaxia
ISLAMABAD, May 6 (Xinhua) — Pakistan will start reaping the benefits of the second phase of the China-Pakistan Economic Corridor (CPEC) in the form of industrial and agricultural development and a better road connectivity, Chairman of Pakistan’s CPEC Authority Asim Saleem Bajwa said.
Several roads under CPEC are in their final phase which are expected to be inaugurated in 2021 and after their completion, locals will experience a better connectivity, and business opportunities in the country will increase, Bajwa said while talking to media on Tuesday night.
Talking about the special economic zones (SEZs) being established under the framework of CPEC, the official said that they are receiving many applications from local and foreign enterprises to invest in the SEZs where the government is providing a one-window operation to facilitate the investors.
In Allama Iqbal SEZ of Punjab province’s Faisalabad city, investors from Canada, Britain and Germany have applied to set up industry in the form of joint ventures with local partners in the SEZ. “Apart from them, Pakistani-American doctors along with some U.S. doctors have approached to establish a pharmaceutical sector in the SEZ,” Bajwa said.
He added that efficient and corporate farming are going to be introduced for the first time in the country in cooperation with China under CPEC.
Earlier on Tuesday, addressing a ceremony at Karachi Chamber of Commerce and Industry, Bajwa said that the second phase of CPEC will contribute to poverty alleviation and GDP growth in Pakistan.
Launched in 2013, CPEC is a corridor linking the Gwadar port in southwest Pakistan with Kashgar in northwest China’s Xinjiang Uyghur Autonomous Region, which highlights energy, transport and industrial cooperation. ■
1- Photo taken on July 28, 2020 shows the secondary road section from Mansehra to Thakot under the Karakoram Highway (KKH) Phase Two project, in Pakistan’s northwest Khyber Pakhtunkhwa province. (China Road and Bridge Corporation/Handout via Xinhua)
2- The aerial photo taken on Aug. 6, 2019 shows the Sahiwal Coal Power plant in Sahiwal, Punjab Province, Pakistan. (Xinhua/Ahmad Kamal)