Connect with us

International Organizations

အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်က ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကို ပြောင်းလဲဖွယ်ရှိကြောင်း WHO အကြီးအကဲပြော

ဂျီနီဗာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းဗိုင်းရပ်စ်၏ ကမ္ဘာတစ်ဝန်း ပျံ့နှံ့မှုနှင့် ဗီဇမျိုးကွဲအမြောက်အများ အပါအဝင် ၎င်း၏ သေချာသောအသွင်အပြင်က ကိုဗစ်-၁၉ (COVID-19) ရောဂါဖြစ်ပွားမှုအပေါ် အဓိကသက်ရောက်မှုဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၈ ရက်၌ ပြောကြားခဲ့သည်။လက်ရှိတွင် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်အား နိုင်ငံ ၅၇ နိုင်ငံ၌တွေ့ရှိနေရကြောင်း၊ ယခင် ဗီဇပြောင်းဗိုင်းရပ်စ်များထက် ပျံ့နှံ့မှုနှုန်း ပို၍မြန်ဆန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus က သတိပေးခဲ့သည်။

“အခုတော့ ကျွန်တော်တို့ ကူးစက်မှုနှုန်း လျင်မြန်စွာမြင့်တက်နေပုံကို စတင်မြင်တွေ့နေရပါပြီ။ အခြား မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေနဲ့ ဆက်စပ်မှု တိကျတဲ့နှုန်းကိုတော့ တိုင်းတာဖို့ ခက်ခဲနေဆဲပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

“တောင်အာဖရိကမှ ထွက်ပေါ်လာတဲ့ အချက်အလက်တွေက အိုမီခရွန် ပြန်လည်ကူးစက်မှု မြင့်တက်တဲ့အန္တရာယ် ဖြစ်နိုင်ပေမဲ့ အခိုင်အမာ သုံးသပ်ချက်တွေလုပ်ဖို့တော့ အချက်အလက်တွေ လိုအပ်နေပါသေးတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အိုမီခရွန်ဖြစ်ပွားမှုက အစောပိုင်း ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ်ထက် ရောဂါလက္ခဏာမပြင်းထန်ကြောင်း သက်သေအချို့ရှိနေသော်လည်း နောက်ဆုံးကောက်ချက်ဆွဲဖို့အတွက်ကတော့ စောနေပါသေးတယ်” ဟု WHO ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

WHO ၏ အရေးပေါ်ကျန်းမာရေးအစီအစဉ်၏ အမှုဆောင်ညွှန်ကြားရေးမှူး Mike Ryan က ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝ ဆင့်ကဲပြောင်းလဲမှုက မျိုးဗီဇကွဲများကြောင့် ပိုမိုကူးစက်လွယ်သော်လည်း အဲဒါက ဗိုင်းရပ်စ်ရဲ့ ပြင်းထန်မှုလျော့ပါးအောင် သေချာပေါက် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အချို့သော “မြို့ပြဒဏ္ဍာရီတွေ” ရဲ့ ယူဆချက်ပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

မျိုးဗီဇပြောင်းလဲမှုက ပျော့ပြောင်းသည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ မမျှော်မှန်းနိုင်သည့်အရာကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ ၏ နောက်ဆုံးမျိုးဗီဇပြောင်းဗိုင်းရပ်စ် လေ့လာမှုများ ပေါ်ထွက်လာနေပြီဖြစ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါဆိုင်ရာ အချက်အလက် ထွက်ပေါ်လာရန် ရက်များ သို့မဟုတ် သီတင်းပတ်များ လိုအပ်နေဆဲဖြစ်ကြောင်း၊ ခိုင်မာသော ကောက်ချက်တစ်စုံတစ်ရာချမှတ်ရန် လေ့လာဆန်းစစ်နေဆဲဖြစ်ကြောင်း WHO က ပြောခဲ့သည်။

အိုမီခရွန်က ကာကွယ်ဆေးရဲ့ ဆေးစွမ်းထက်မှုကို သိသိသာသာလျော့ပါးစေကြောင်း ပြောကြားရန် အချိန်စောနေသေးကြောင်း WHO သိပ္ပံပညာရှင်များ အကြီးအကဲ Soumya Swaminathan က ပြောခဲ့သည်။

WHO အနေဖြင့် နိုင်ငံများအားလုံးအနေဖြင့် စောင့်ကြည့်မှု၊ ရောဂါစစ်ဆေးမှုနှင့် မျိုးဗီဇအစီအစဉ်ကိုတိုးမြှင့်ရန်၊ အွန်လိုင်းရောဂါသတင်းပေးပို့မှုပုံစံအား အသုံးပြုခြင်းဖြင့် WHO လက်တွေ့စမ်းသပ်မှုအချက်အလက် ပလက်ဖောင်းထံ တင်သွင်းရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

#WHO, #Omicron, #Variant, #COVID_19, #Xinhua, #Myanmar, #XinhuaMyanmar, #ကမ္ဘာ့ကျန်းမာရေးအဖွဲ့, #အိုမီခရွန်, #မျိုးဗီဇပြောင်းဗိုင်းရပ်စ်, #ကိုဗစ်_၁၉, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
—————————————————-
(English Version)

Omicron variant may change course of COVID-19 pandemic: WHO chief

GENEVA, Dec. 8 (Xinhua) — Certain features of the Omicron variant, including its global spread and large number of mutations, suggest it could have a major impact on the course of the COVID-19 pandemic, said the chief of the World Health Organization (WHO) on Wednesday.

With the Omicron variant now present in 57 countries, WHO Director-General Tedros Adhanom Ghebreyesus warned at a press briefing that it can spread more rapidly than previous variants.

“We are now starting to see a consistent picture of rapid increase in transmission (rates), although for now the exact rate of increase relative to other variants remains difficult to quantify,” he said.

“Emerging data from South Africa suggest increased risk of re-infection with Omicron, but more data are needed to draw firmer conclusions,” he added.
While some evidence might suggest that Omicron causes milder symptoms than the earlier Delta variant, it’s still early days to draw any final conclusions, WHO experts have said.
According to Mike Ryan, executive director of the WHO’s Health Emergencies Program, although the evolutionary nature of the virus makes it more transmissible as it mutates, this doesn’t necessarily make the virus less severe, as has been suggested by some “urban legends.”
Whether or not a mutation turns out to be milder or more lethal is a matter of chance, he said.
As studies of the latest COVID-19 variant are evolving, the WHO says it still needs days or even weeks for global epidemiological data to come in, be analyzed and then to draw any firm conclusions.

It’s also still premature to say that Omicron could result in a significant reduction in vaccine effectiveness, according to WHO Chief Scientist Soumya Swaminathan.
The WHO has called on all countries to increase surveillance, testing and sequencing, and to submit more data to the WHO Clinical Data Platform using an updated online case reporting form. Enditem

Photo : World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus speaks at the 73rd World Health Assembly (WHA) at the WHO headquarters in Geneva, Switzerland, May 18, 2020. (WHO/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.