ပေကျင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ပညာရေးဌာနများ နှင့် တက္ကသိုလ်များအား ဒေသတွင်းရှိ ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည့် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း အရှေ့ Nusa Tenggara ပြည်နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ရုတ်တရက်ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရသွားကြောင်း နှင့် အခြား ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။
နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် လူနေအိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ရေများပြန်ကျနေပြီဖြစ်ကြောင်း နှင့် အိမ်တွင်းရေဝင်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသူများမှာလည်း မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။