Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ အိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်မှုဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ဧပြီ ၃ ရက်က ‌ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် လူနေအိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ရေများပြန်ကျနေပြီဖြစ်ကြောင်း နှင့် အိမ်တွင်းရေဝင်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသူများမှာလည်း မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။

Pasuruan ခရိုင်အတွင်းရှိ လူနေအိမ်များမှာ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း အေဂျင်စီပြောရေးဆိုခွင့်ရှိသူ Raditya Jati က ဆိုသည်။“ ရေအမြင့်က ဒီနေ့မှာဆိုရင် ၂၀ ကနေ ၅၀ စင်တီမီတာအထိ ရှိနေတယ်။ မနေ့ကတော့ ရေအမြင့်ဟာ ၈၀ စင်တီမီတာအထိ ရောက်သွားတယ် ” ဟု Jati က မှတ်ချက်ပြုခဲ့သည်။
ပြီးခဲ့သော သောကြာနေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းသဖြင့် Wrati ၊ Patuk နှင့် Kedung Larangan မြစ်များသည် မြစ်ရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သောကြာနေ့အထိ လူပေါင်း ၁၁,၈၈၀ ဦး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း နှင့် အချို့မှာ ယခုအခါ နေအိမ်ပြန်နေကြပြီဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မိုးဇလ ၊ ရာသီဥတု နှင့် ပထဝီရူပဗေဒ အေဂျင်စီက စနေနေ့က ပြောကြားရာတွင် အိန္ဒိယသမုဒ္ဒရာအတွင်း ဆူမတြားကျွန်း၏ အနောက်တောင်ဘက်တွင် 90S အမည်ဖြစ်လည်းကောင်း ၊ အရှေ့ Nusa Tenggara ရှိ Savu ပင်လယ်ပြင်ထဲတွင် 99S အမည်ဖြစ်လည်းကောင်း အပူပိုင်းမုန်တိုင်း နှစ်လုံး တိုက်ခတ်ခဲ့ကြောင်း ဆိုသည်။

“ အဲဒီ အပူပိုင်းမုန်တိုင်း နှစ်လုံးစလုံးဟာ လာမယ့် ၂၄ နာရီအထိ ဆက်တိုက်နေမယ်” ဟု အေဂျင်စီ၏ မိုးဇလဌာန လက်ထောက် Guswanto က ဆိုသည်။
မုန်တိုင်းအရှိန်ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ အခင်းဖြစ်ဒေသများတွင် လာမည့်ရက်သတ္တပတ်အထိ မိုးကြိုးပစ်ခြင်း ၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နိုင်သည်ကို အေဂျင်စီက သတိပေးချက်ထုတ်ပြန်ထားသည်။(Xinhua)

——————————————
(English Version)
Thousands of houses flooded in Indonesia’s East Java

JAKARTA, April 3 (Xinhua) — Thousands of houses are still submerged by floods in Indonesia’s East Java province but the waters have been receding and a number of evacuees have returned home, according to the National Disaster Management Agency on Saturday.

The agency’s spokesman Raditya Jati said the floods are still inundating houses in Pasuruan district.
“The water level now is around 20 to 50 centimeters high. Yesterday it reached 80 centimeters high,” Jati noted.
He said it rained heavily on Friday, causing the Wrati, Patuk, and Kedung Larangan rivers to overflow.
As of Friday 11,880 people had been displaced, and some have returned homes now.

On Saturday, the Meteorology, Climatology, and Geophysics Agency said that there were two tropical cyclones namely 90S in the Indian Ocean southwest of Sumatra Island and 99S in the Savu Sea, East Nusa Tenggara.

“Both the tropical cyclones will strengthen in the next 24 hours,” the agency’s deputy for Meteorology Guswanto said.
The agency warned of heavy rainstorms and strong winds in most parts of Indonesia for the next week. Enditem

Photo caption – flood occurred in East Java, Indonesia on 3 April .