Connect with us

Asia

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သုံးထပ်အိမ်ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံး

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။

အိမ်ပြိုမှုကြောင့် မီးသတ်သမားတစ်ဦး ၊ ကယ်ဆယ်ရေးသမား ၃ ဦး နှင့် အိမ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း နှင့် အခြား လူ ၆ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း အခင်းဖြစ်နေရာသို့ အခြားမြို့တော်အရာရှိများနှင့်အတူ ရောက်ရှိနေသည့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး Aswin Kwanmuang က ဆိုသည်။

သေဆုံးသွားသောရုပ်အလောင်းများကို မီးကြွင်းများနှင့် ပြိုကျသွားသော အဆောက်အဦ၏ အပျက်အစီးပုံများအောက်မှ ဆွဲထုတ်ခဲ့ရကြောင်း နှင့် အဆိုပါ အိမ်တွင် နေထိုင်သော အိမ်သား ၈ ဦးအနက် ၇ ဦးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Aswin က ဆက်လက်ပြောကြားခဲ့သည်။

အိမ်မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး ဘန်ကောက်မြို့တော် Thawi Watthana ခရိုင်မှ ရဲအရာရှိတစ်ဦးက တာဝန်ယူဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Five people killed in house collapse in Bangkok

BANGKOK, April 3 (Xinhua) — Five people were killed due to a blaze and collapse of a three-story house in Bangkok on Saturday.
A firefighter, three rescue workers and a resident of the gutted house were killed at the scene and six others were seriously injured, according to Bangkok Governor Aswin Kwanmuang, who scrambled to the scene alongside city officials.

The bodies of the deceased were dragged out by fellow rescue workers from the debris of the fire-engulfed, caved-in house.
Seven out of a group of eight people, who had lived in the house, managed to get out to safety, the governor said.
Police are to investigate the cause of the blaze at the house, which had been turned into a home office in Thawi Watthana district of Bangkok. Enditem

Rescue workers look at the wreckage of a building after it collapsed in Bangkok. (Poh Teck Tung Foundation via AFP)