မက္ကစီကိုစီးတီး ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ မြို့တော်အနီးတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ဖြစ်ပွားခဲ့သည့် Croix-des-Bouquets အကျဉ်းထောင်ဖောက်ထွက်ပြေးမှုတွင် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်းကို ဟေတီအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
ဆန်တီရာဂို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ ကာကွယ်ဆေး စတုတ္ထမြောက်အသုတ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ချီလီအစိုးရ ကိုယ်စားလှယ်များက လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီး Carla Vizzotti က ၎င်းတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ကွာရန်တင်းဝင်ရောက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံသမ္မတ Luis Lacalle Pou က ဖေဖော်ဝါရီ ၂၆ ရက်၌ ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်ကန်း နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများအတွက် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အအေးခန်းထရပ်ကားများနှင့် သေတ္တာများ လုံလုံလောက်လောက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။