ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကြေညာရန် မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အာမတ်ရှန်က ခွင့်ပြုပေးခဲ့ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်မူယီဒင်ယာဆင်(Muhyiddin Yassin)က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ဗိုင်းရပ်စ် မူလဇစ်မြစ်နှင့် ကူးပြောင်းရာလမ်းကြောင်းကို ကမ္ဘာ့သိပ္ပံနည်းကျ သုတေသနပြုရန် နိုင်ငံအားလုံးမှ သိပ္ပံပညာရှင်များကို ပံ့ပိုးသွားမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်မှုအောက်ရှိ ဗိုင်းရပ်စ်၏ တိရစ္ဆာန်ဇစ်မြစ်အပေါ် ရှာဖွေခြင်းပူးပေါင်းဆောင်ရွက်မှု၌ အဖွဲ့ဝင်နိုင်ငံများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း...
ရောမ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီတလီနိုင်ငံ ANSA နှင့် la Repubblica စသော သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အီတလီနိုင်ငံ မီလန်တက္ကသိုလ် မှ ဦးဆောင်သော နိုင်ငံတကာ သုတေသန အဖွဲ့ က နိုင်ငံအတွင်းရှိ အရေပြားရောဂါ ဝေဒနာရှင်...
ထျန်းကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ ဟဲပေပြည်နယ်တွင် မကြာသေးခင်က COVID-19 တဖန်ဖြစ်ပွားခဲ့ရာ အကူအညီပေးရန်ထျန်းကျင်းမြို့မှ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၈၇ ဦးပါဝင်သည့် အဖွဲ့သည် အထောက်အပံ့ပစ္စည်းများနှင့်အတူ ဟဲပေပြည်နယ်သို့ ထွက်ခွါခဲ့ကြောင်းသိရသည်။ဒုတိယအသုတ်အဖြစ်စေလွှတ်သည့် ယခုအခေါက်တွင် လူနာတင်ယာဉ် အစင်း ၂၀ အပါအဝင်...
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။