ဝါရှင်တန်၊ဇန်ဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အီလက်တိုရယ်ကောလိပ်(Electoral College) မဲများ တရားဝင်ရေတွက်မှုလုပ်ငန်းစဉ်ကို အတင်းအကျပ်ရပ်တံ့ရန် တောင်းဆိုမှုဖြင့် အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦထဲသို့ ဆန္ဒပြသမားများစီးနင်းဝင်ရောက်ခဲ့ပြီးနောက် ယင်းလုပ်ရပ်အား “ ပုန်ကန်ထကြွခြင်း” ဟူ၍ အမေရိကန်ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်က ပြစ်တင် ရှုတ်ချပြောဆိုလိုက်သည်။
ဝါရှင်တန်၊ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် အီလက်တိုရယ်ကောလိပ်မဲများ(electoral college)ရေတွက်နေခြင်းကို ရပ်တန့်ရေး အတင်းအကျပ်တောင်းဆိုရန် ဆန္ဒပြသမားများသည် အမေရိကန်ဒေသစံတော်ချိန် ဇန်နဝါရီ ၆ ရက် ညနေပိုင်းက Capitol လွှတ်တော်အဆောက်အဦအတွင်းသို့ ချိုးဖျက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်၊ မနက်(၁၀)နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ ကြေညာချက်များအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (ဇန်နဝါရီ ၆ ရက်)ထိ COVID-19 ရောဂါဖြစ်ပွားသူ ၁၂၈,၁၇၈ ဦးရှိပြီး သေဆုံးသူ ၂,၇၈၅ ဦးထိ တိုးလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
လန်ဒန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ငါးမိနစ်ပင်မကြာသောအချိန်အတွင်း ရလဒ်ထုတ်ပေးနိုင်သည့် COVID-19 စမ်းသပ်မှုနည်းလမ်းအသစ်တစ်မျိုးကို တီထွင်ဖော်ထုတ်လိုက်ကြောင်း ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့သည်။