ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံတွင် ယနေ့ COVID-19ရောဂါဖြစ်ပွားသူ ၅၈၇ ဦးတွေ့ရှိပြီး ရောဂါပိုးဖြစ်ပွားမှုသည် ၆ရက်ဆက်တိုက် ၃ရာခိုင်နှုန်းကျော်ထိ ကျဆင်းလာကြောင်း ဒီဇင်ဘာ ၃၀ရက် ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာအချို့အား စစ်ဆေးရာ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၃၀ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၁၂ နာရီအတွင်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ဗိုင်းရပ်စ်အသစ်ကူးစက်မှု ၂၀ ခုအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀...
ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကျပ် ၁,၅၂၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန်/ဆင်ဟွာ အမေရိကန် နိုင်ငံ ကော်လိုရာဒိုပြည်နယ် တွင် ဒီဇင်ဘာ ၂၉ ရက် ၌ ပထမဦးဆုံးသော ဗြိတိန်နိုင်ငံမှ ထုတ်ပြန်ထားသော ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ကို စတင်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံ...