ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာအတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးဦးစီး တပ်ခွဲ ၁ ခွဲ အခြေပြုနေသည့် ညောင်ချောင်းနယ်မြေရုံးစခန်း တိုက်ခိုက်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပေးဝေလျက်ရှိသော ရေပိုက်များပြုပြင်မည်ဖြစ်သဖြင့် မြို့နယ် ၂၁ မြို့နယ်တွင် ဇူလိုင် ၃၀ ရက်၌ ရေပေးဝေမှု ယာယီဖြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မနီလာ ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ မြောက်ဘက်ဆုံး ရှိ Batanes ပြည်နယ် တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြင်းအား ၅ အထက် ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ်...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ယင်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရပ်ဇီးလီးယား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် အလုပ်အကိုင်ရရှိမှုနှုန်းသည် ဇွန်လအတွင်း ၃၀ဒသမ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ရာ ၂၀၁၃ ခုနှစ်မှစ၍ အကောင်းဆုံး ရလဒ်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။