မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံစစ်တပ်က နိုင်ငံအရှေ့တောင်ပိုင်း Chiapas ပြည်နယ်အတွင်းရှိ Palenque မြို့ငယ်လေးတစ်မြို့၏ လေဆိပ်တစ်ခုသို့ ဆင်းသက်လာသော လေယာဉ်တစ်စင်းပေါ်မှ ကိုကင်း ၁ ဒသမ ၃ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၆ သန်းကျော်ရှိလာကြောင်းနှင့် ရုရှားနိုင်ငံတွင် ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်တော့မည်ဖြစ်ကြောင်း ဩဂုတ် ၃၁ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးထံ ဖုန်းဆက်၍ ရုရှား-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ၎င်း၏ လုပ်ဆောင်ချက်များအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
စင်ကာပူ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံ နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ်တို့သည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှသည် ပိုမိုခိုင်မာစွာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၊ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသသည် စင်ကာပူကုမ္ပဏီများအတွက် အဓိက ဈေးကွက်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်က နှစ်ဖက်ပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင်...
ဆန်းတုန်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်-ဥရောပနှင့် တရုတ်-အာရှ ကုန်တင်ရထား ချိတ်ဆက်သွားလာနိုင်မှုကြောင့် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံများ၏ ကုန်သွယ်ရေးသည် ပိုမိုတိုးတက်လာခဲ့သည်။ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလတွင် ယူရေးရှားနိုင်ငံများသို့ “Qilu”ကုန်တင်ရထားဖြင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။ ဆန်းတုန်းတွင် နိုင်ငံတကာ ရထားလိုင်းပေါင်း ၃၆ ခုရှိရာ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံ...