ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ အထောက်အထားမရှိရောက်ရှိနေသော မြန်မာလုပ်သား ၁၉၄ ဦးသည် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
အက်ဒစ် အာဘာဘာ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Amina J. Mohammed က အာဖရိက နိုင်ငံ များအနေဖြင့် တရုတ် နိုင်ငံ မှ ဆောင်ရွက်သည့် “ခေတ်သစ်ပိုးလမ်းမကြီး”ဖော်ဆောင်မှု အခွင့်အလမ်း ကို ခိုင်မြဲစွာ ပါဝင်ဆောင်ရွက်ပြီး...
ပါရီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ တောင်ပိုင်း Toulouse မြို့ ၌ ဇူလိုင် ၃ ရက် ညနေပိုင်းတွင် လူအုပ်တစ်ခု အတွင်းသို့ လက်နက်ကိုင် အမျိုးသား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူတစ်ဦး သေဆုံးခဲ့ပြီး ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခု ကဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ အခြေခံပညာ ကျောင်းပေါင်း ၁၂ ကျောင်း ကို အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်(၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။