ဟာဘင်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ တောရိုင်းဥယျာဉ်တစ်ခုထဲတွင် ကျက်စားနေကြသည့် ဆိုက်ဘားရီးယန်းမျိုးစိတ် ကျားများ၏ လှုပ်ရှားသွားလာနေမှုကို ဝေဟင်မှတစ်ဆင့် drone ဖြင့်ရိုက်ကူးထားသော ပုံရိပ်များကို video ထဲတွင်မြင်တွေ့နိုင်ပါသည်။ (Xinhua)
ဟူစတန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Louisiana ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် New Orleans မြို့တွင် ဖေဖော်ဝါရီ ၂၅ရက် ည က စီတန်းလှည့်လည်ပွဲတော် တစ်ခုအတွင်းသို့ ပစ်ကပ်အမျိုးအစားကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်း Qatif မြို့ရှိ Al Jaziraဘဏ်၏ ဘဏ်ခွဲတစ်ခုအား ဖေဖော်ဝါရီ ၂၅ရက် အစောပိုင်းက အမည်မသိဖျက်ဆီးသူများက မီးရှို့ခဲ့ကြောင်း Al Sharq ပြည်တွင်းအွန်လိုင်းသတင်းဋ္ဌာန က ဖော်ပြခဲ့သည်။
ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်ပြည်နယ်ရှိ လုံခြုံရေးဋ္ဌာနချုပ် ၂ခုတွင် ဖေဖော်ဝါရီ ၂၅ ရက်က အသေခံဗုံးခွဲသမား ၆ဦး၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၄၂ဦးသေဆုံးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ နှင့် နိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ဟိုချီမင်းစီးတီး ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်၌ ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်) နံနက်အစောပိုင်းက လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ ဇနီးမောင်နှံ ၂ ဦး နှင့် ၎င်းတို့၏ ရင်သွေးငယ် ၂ ဦးသေဆုံးသွားကြောင်း သိရသည်။