Connect with us

Education & Health

(၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံကျင်းပ

(၁၈)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံ၌ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အသိပညာများ ဆွေးနွေး ဖလှယ်ပေါင်းစပ်ကာ ကုထုံးများ ထုတ်ဖော်ကြရန် (၁၈)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ နိုင်ငံတော် သမ္မတက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

“မြန်မာ့တိုင်းရင်းဆေး ပညာရှင်များအနေနဲ့လည်း မိမိတို့ တတ်မြောက်ထားတဲ့ ပညာရပ်များ တိမ်မြုပ် ပျောက်ကွယ်မသွားစေရန်နဲ့ တစ်ဦးရဲ့ အသိပညာများနဲ့ အခြား တစ်ဦးရဲ့ အသိပညာများကိုလည်း အချင်းချင်း ဆွေးနွေးဖလှယ် ပေါင်းစပ်ကာ ကုထုံးများ ထုတ်ဖော်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကပ် ရောဂါ အသွင်ဆောင်တဲ့ ရောဂါအသစ်တွေကို ဘေးထွက်ဆိုးကျိုးနည်းပါးပြီး သဘာဝ အပေါ် အခြေခံ တဲ့ မြန်မာ့ တိုင်းရင်းဆေး ကုထုံးနည်းသစ်များနဲ့ မြန်မာ့ တိုင်းရင်းဆေးပညာရဲ့ ရောဂါကြိုတင် ကာကွယ် ရေး နည်းလမ်းတွေကို လည်း ပြည်သူတွေထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ အသုံးပြုနိုင်ကြ စေဖို့ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ မတူကွဲပြားမှုများထဲက အကောင်းဆုံး ရလဒ် ကုထုံး ကုကွက် များကိုလည်း ဝေမျှဆွေးနွေးကြရန် လိုအပ်ပါ တယ်” ဟု ဖော်ပြထားသည်။

ညီလာခံသို့ ပေးပို့သော နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြု သဝဏ်လွှာကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဖတ်ကြားစဉ် (ဆင်ဟွာ)

မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

တိုင်းရင်းဆေး ပြခန်းများအား လှည့်လည် ကြည့်ရှုကြစဉ် (ဆင်ဟွာ)

ထို့အပြင် “နယကြီး လေးပါးကို အခြေခံတဲ့ မြန်မာ့တိုင်းရင်းဆေး ပညာကုထုံး နည်းစနစ်များကို အမျိုးသားရေး အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင် ရွက်ရန်နဲ့ ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာ သင်ကြားရေး နည်းစနစ်ကို ဆန်းစစ်သုံးသပ်ပြီး မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးစတဲ့ ရည်ရွယ်ချက်များ ပြည့်မီလာရေးအတွက် တိုင်းရင်းဆေးပညာရှင်များအားလုံးနဲ့ နှီးနွှယ်ပညာ ရှင်များ အားလုံးတို့က ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါတယ်” ဟုလည်း သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

နေပြည်တော် MICC II တွင် ယနေ့နံနက်ပြုလုပ်သော (၁၈)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ကြွရောက်လာသည့် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက အဖွင့် အမှာ စကား ပြောကြားရာတွင် “မြန်မာ့ တိုင်းရင်း ဆေးပညာနဲ့ မြန်မာ့ တိုင်းရင်းဆေးဝါးတွေကို နိုင်ငံတကာ က အသိအမှတ်ပြု အောင်မြင် ကျော်ကြားလာစေဖို့နဲ့ မြန်မာ့ တိုင်းရင်း ဆေးပညာဆိုင်ရာ အသိ ဉာဏ် ပစ္စည်း မူပိုင်ခွင့် ရရှိသင့်သည်များကို ရရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက်လည်း ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်” ဟု လမ်းညွှန်ခဲ့သည်။

ထို့အပြင် ယခုညီလာခံကြီး၌ မြန်မာ့တိုင်းရင်းဆေး သမားတော်များ နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက် များ ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ် ကုထုံး နည်းစနစ်များနှင့် အစွမ်းထက် ဆေးဝါး များကို ရောဂါအလိုက် ရှာဖွေ ဖော်ထုတ်ပြီး တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကု ဌာနများတွင် လက်တွေ့ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ မြန်မာ့ တိုင်းရင်းဆေးပညာ အဆင့်အတန်း ကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမို ပူးပေါင်း ဆောင်ရွက်သွားရန်၊ မြန်မာ့ တိုင်းရင်းဆေးပညာနှင့် ကျန်းမာရေး ပညာပေးခြင်းကို အိမ်ရှင်မ များထံ ရောက်ရှိအောင် ဆောင်ရွက်ရန်၊ နယကြီး လေးပါးကို အခြေခံသည့် မြန်မာ့ တိုင်းရင်းဆေး ပညာ ကုထုံး နည်းစနစ်များကို အမျိုးသားရေး အမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်ပြီး ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရန်၊ ခေတ်အဆက်ဆက် တိုင်းရင်း ဆေးပညာ သင်ကြားရေး စနစ်များကို ဆန်းစစ် သုံးသပ်ပြီး မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန် … စသည့် ရည်ရွယ်ချက်များကို ရှေ့လုပ်ငန်းစဉ် အဖြစ် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်ထိ နှစ်ရက်တိုင် ကျင်းပမည့် အဆိုပါ ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီး များ၊ နေပြည်တော် ကောင်စီဝင်များ၊ လွှတ်တော်နှစ်ရပ်မှ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက် ရေး ကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်း အတွင်းဝန်များ၊ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ် များ၊ UN လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ NGO များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေး ကောင်စီဝင် ဆရာကြီးများ၊ တိုင်းရင်းဆေးပညာ ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်များ စုစုပေါင်း ငါးရာခန့် တက်ရောက်ခဲ့ကြပြီး မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး အပြီးတွင် တိုင်းရင်းဆေး ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.