Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံအတွက် အကောင်းဆုံး စွမ်းဆောင်ရည်များရှိသော အကူအညီများ တရုတ်နိုင်ငံက ပေးအပ်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရမ်ဒမ် စီဟာမိုနီတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံအတွက် စွမ်းဆောင်ရည်အကောင်းဆုံး အကူအညီများအား တရုတ်နိုင်ငံက ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရမ်ဒမ် စီဟာမိုနီ (Norodom Sihamoni) နှင့် တွေ့ဆုံစဉ် လီက အထက်ပါမှတ်ချက်အား ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု၊ ပြည်သူများ လူနေမှုဘဝမြှင့်တင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရေး စတဲ့ အားထုတ်လုပ်ဆောင်မှုတွေ တရုတ်နိုင်ငံက ဆက်လက် ထောက်ပံ့ပေးသွားပါမယ်” ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီက ဆိုသည်။

တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးမြစ်သည် နှစ်နိုင်ငံ ပြည်သူများနှင့်အတူ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုများ မျှဝေပေးနေသည့် ရွေ့လျား အရင်းအမြစ်တစ်ခုဖြစ်ကြောင်း လီက ပြောခဲ့ပြီး နှစ်နိုင်ငံ ယခင် အဆက်ဆက်ခေါင်းဆောင်များက နှစ်နိုင်ငံ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ကောင်းမွန်သော သမိုင်းကြောင်းအား ချမှတ်ပေးခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်လည်း ၂၀၁၆ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး ဘက်စုံမဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံဆက်ဆံရေးအား အဆင့်မြှင့်တင်ခဲ့ကြောင်း လီက ပြောခဲ့သည်။

ထို့ပြင် ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်ပေါင်း ၆၀ ပြည့်မြောက်သည့်် အခါသမယဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် နေရာသစ်မှ စတင် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း လီက ဆိုသည်။

“တရုတ်- ကမ္ဘောဒီးယား ဘက်စုံမဟာဗျူဟာကျ မိတ်ဖက်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက နှစ်နိုင်ငံ ပြည်သူတွေကို ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရမ်ဒမ် စီဟမ်မိုနီက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်နိုင်ငံ အစိုးရက ကာလရှည် ထောက်ပံ့မှုအပေါ် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

၎င်းက ဆက်၍ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရေး ခိုင်မာစေရန် အရေးပါကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယား ပြည်သူတွေအနေနဲ့ တရုတ် ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ တရုတ် ပြည်သူတွေနဲ့ ထာဝရ ရပ်တည်သွားမှာဖြစ်တယ်” ဟု အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု၏ သက်သေဖြစ်သော ကမ္ဘောဒီးယား-တရုတ် ဘက်စုံ မဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံဆက်ဆံရေးအပေါ် မျှော်လင့်ချက်ထားကာ စီဟမ်မိုနီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.