Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ကမ္ဘောဒီးယား နိုင်ငံ ဘုရင် တို့ က ဖနွမ်းပင် မြို့ရှိ ဘုရင်နန်းတော် တွင် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ကမ္ဘောဒီးယား နိုင်ငံ ဘုရင် Norodom Sihamoni တို့ ဇန်နဝါရီ ၁၁ ရက်နေ့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ ဘုရင် Norodom Sihamoni နှင့် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တို့က ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ဖနွမ်းပင် မြို့ရှိ ဘုရင်နန်းတော် တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ သည် ရှည်လျား သည် ချစ်ကြည်ဆက်ဆံရေး တည်ရှိပြီး နှစ်နိုင်ငံ ရှေ့ယခင်ခေါင်းဆောင်များ က နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် သမိုင်းတွင်သည့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကမ္ဘောဒီးယား နိုင်ငံ သို့ အောင်မြင်စွာ လာရောက်လည်ပတ် ခဲ့ပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ကို ပိုမိုမြင့်မား သည့် အဆင့်သို့ ရောက်ရှိစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ဆောင်ခြင်း နှစ် (၆၀) ပြည့်ချိန် မှ စတင်၍ အတူတကွ ပူးပေါင်းကာ နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ကမ္ဘောဒီးယား နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ၊ လူနေမှု ဘဝမြှင့်တင်ရန် ၊ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန် အတွက် ကြိုးပမ်းအားထုတ်မှုများ ကို ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံ အတွက် သက်နိုင်သော ကူညီဆောင်ရွက်မှု များကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်းစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံ ဘုရင် Norodom Sihamoni က ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံ အကြား နက်ရှိုင်းသည့် ရိုးရာချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ ၏ ကာလတစ်လျှောက် ကမ္ဘောဒီးယား နိုင်ငံ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် ၏ ယခု အကြိမ် လာရောက် လည်ပတ်ခြင်း သည် နှစ်နိုင်ငံ ရိုးရာချစ်ကြည်ဆက်ဆံရေး ကို ပိုမိုခိုင်မာစေမည် ဖြစ်ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အတွက် လွန်စွာ အရေးပါကြောင်း ၊ ကမ္ဘောဒီးယား နိုင်ငံ ပြည်သူလူထု တို့အနေဖြင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့၏ ချစ်ခြင်းမေတ္တာ ကို လုံးဝ မေ့ပျောက်မည် မဟုတ်ဘဲ တရုတ် နိုင်ငံ ပြည်သူလူထု နှင့် အတူတကွ ထာဝရ ရပ်တည်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ပိုမိုမြင့်မား သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.