နယူးဒေလီ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူအသစ် ၄၄,၂၈၁ ဦးရှိခဲ့ရာ နိုဝင်ဘာ ၁၁ ရက်အထိ စုစုပေါင်း ကူးစက်ခံရသူ ၈,၆၃၆,၀၁၁ ဦး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့်...
နယူးဒေလီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ COVID-19 ကူးစက်ခံရသူအရေအတွက်သည် ၈ သန်းကျော်လွန်သွားပြီဖြစ်ကာ အောက်တိုဘာ ၂၉ ရက်တွင် ၈,၀၄၀,၂၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန နောက်ဆုံးရထုတ်ပြန်ချက်အရ သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေရာအတော်များများတွင် အောက်တိုဘာ ၁၄ ရက်က ရေဖုံးလွှမ်းခဲ့ပြီး မော်တော်ယာဉ်များလည်း ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) မွမ်ဘိုင်းမြို့ အများပြည်သူနေရာများတွင် နှာခေါင်းစည်း မတပ်ဆင်သည့် နိုင်ငံသား တစ်ရက်လျှင် ၂၀,၀၀၀ ဦးကို အပြစ်ပေးရန် စတင်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အလုပ်သမားအခက်အခဲနှင့် ရွှေ့ပြောင်းသွားလာခြင်း ပြဿနာရပ်များကြောင့် အစိုးရက ကပ်ရောဂါအတွင်း အသွားအလာကန့်သတ်မှု သတ်မှတ်ချက်များ ဖြေလျှော့ပေးခဲ့သော်လည်း စားသောက်ဆိုင် ၃၀ ရာခိုင်နှုန်းသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ဆရီနာဂါ ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံအား ပိုင်းခြားထားသည့် နှစ်နိုင်ငံနယ်စပ်မျဉ်း(LoC) တည်ရှိရာ ကက်ရှ်မီးယားဒေသတွင် နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အိန္ဒိယစစ်တပ်မှ အငယ်တန်းအရာရှိ(JCO) တစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာဦးရေသည် ၅,၇၃၂,၅၁၈ ဦးအထိမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မော်စကို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံပိုင် ရန်ပုံငွေအဖွဲ့ဖြစ်သော (Sovereign wealth fund) က အိန္ဒိယဆေးကုမ္ပဏီကို COVID-19 ကာကွယ်ဆေး “Sputnik V” သန်း၁၀၀ ထောက်ပံ့ရန် Dr. Reddy’s Laboratories လီမိတက် နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း စက်တင်ဘာ...
နယူးဒေလီ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အထွေထွေဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (DCGI) သည် Serum Institute of India (SII) ကို AstraZeneca ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီနှင့်အတူ အောက်စဖို့ဒ်တက္ကသိုလ်၏ Covishield ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၂ နှင့် အဆင့်-၃ ပြန်လည်စတင်ရန်...