Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၈ သန်းနီးပါးရှိ

အိန္ဒိယနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ဖေဖော်ဝါရီ ၁၃ ရက်က COVID-19 ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

 

နယူးဒေလီ၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ဇန်နဝါရီလမှစတင်ကာ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ရာ ၂၈ ရက်တာကာလအတွင်း လူပေါင်း ၈ သန်းနီးပါးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယအစိုးရက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအချိန်ထိ အိန္ဒိယပြည်သူ စုစုပေါင်း ၇,၉၆၇,၆၄၇ ဦး (၈သန်းနီးပါး)ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ယင်းတို့ထဲတွင် ကျန်းမာရေးဝန်ထမ်း ၅,၉၀၉,၁၃၆ ဦး နှင့် ရှေ့တန်းတွင် လုပ်ကိုင်နေကြသော ဝန်ထမ်း ၂,၀၅၈,၅၁၁ ဦး ပါဝင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှု အကြိမ်ရေပေါင်း ၁၆၄,၇၈၁ ကြိမ်ပြုလုပ်ခဲ့ရာတွင် လူပေါင်း ၇,၉၆၇,၆၄၇ ဦးကို ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ ၂၈ ရက်တာကာလအတွင်း ဆေးထိုးနှံရေး လှုပ်ရှားမှုအကြိမ်ရေပေါင်း ၁၀,၄၁၁ ကြိမ် ပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ထမ်း ၉၄,၁၆၀ ဦး နဲ့ ရှေ့တန်းမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်း ၃၆၈,၄၇၇ ဦးကို ထိုးနှံပေးခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်သော လူအရေအတွက်မှာလည်း နေ့စဉ် ဆက်လက်မြင့်တက်လာနေကြောင်း ဝန်ကြီးဌာနက ဆိုသည်။ အိန္ဒိယနိုင်ငံအတွင်းရှိ အူထရာပရာဒက်ရှ် ၊ ဂူဂျာရတ် ၊ မဟာရက်စ်တရာ၊ ရာဂျာသန် ၊ မတ်ဟီရာပရာဒက်ရှ်၊ ကာနက်တာကာ ၊ အနောက်ဘင်ဂေါ နှင့် ဘီဟာ စသည့် ပြည်နယ် ၈ ခုတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့မှုသည် တစ်နိုင်ငံလုံးထိုးနှံပေးခဲ့သည့် စုစုပေါင်းအရေအတွက်၏ ၅၉.၇၀ ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း ၊ ယင်းပြည်နယ်တစ်ခုချင်းစီတွင် လူပေါင်း ၄ သိန်းကျော်ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အူထရာပရာဒက်ရှ်ပြည်နယ်တစ်ခုတည်းတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့မှုအရေအတွက်သည် အိန္ဒိယနိုင်ငံတစ်ခုလုံးတွင် စုစုပေါင်း ထိုးနှံပေးခဲ့သည့် အရေအတွက်၏ ၁၀.၈ ရာခိုင်နှုန်း ( လူပေါင်း ၈၅၈,၆၀၂ ဦး) ထိရှိခဲ့ကြောင်း သိရသည်။

ကနဦးအဆင့် ကာကွယ်ဆေးထိုးနှံပေးမှုအတွင်း ကျန်းမာရေးဝန်ထမ်း နှင့် ရှေ့တန်းတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းပေါင်း သန်း ၃၀ ခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ယင်းနောက်တွင် အသက် ၅၀ နှစ်အထက် အသက်အရွယ်အပိုင်းအခြား နှင့် အသက် ၅၀ နှစ်အောက် ရောဂါအခံရှိသော လူအုပ်စုဝင် လူပေါင်း သန်း ၂၇၀ ခန့်ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

—————————-
(English Version)
Nearly 8 mln people vaccinated against COVID-19: Indian gov’t
NEW DELHI, Feb. 13 (Xinhua) — The Indian government said on Saturday that nearly 8 million people have been vaccinated against the COVID-19 in the past 28 days since the beginning of the nationwide inoculation drive last month.

A total of 7,967,647 beneficiaries have received the vaccination as of 8:00 a.m. local time Saturday, the federal health ministry said, adding that out of these, 5,909,136 are healthcare workers and 2,058,511 are frontline workers.
Officials said 7,967,647 inoculations have been conducted during 164,781 sessions held across the country.
“On Day 28 of the vaccination drive, 462,637 beneficiaries (94,160 healthcare workers and 368,477 frontline workers) were vaccinated across 10,411 sessions,” the ministry said.
According to the ministry, the number of beneficiaries being vaccinated every day has shown a consistent enhancement.

Of the total number of people vaccinated, eight states account for vaccinating 59.70 percent of the total beneficiaries, namely Uttar Pradesh, Gujarat, Maharashtra, Rajasthan, Madhya Pradesh, Karnataka, West Bengal and Bihar, which have vaccinated more than 400,000 beneficiaries each.
Uttar Pradesh alone accounts for vaccinating 10.8 percent (858,602 beneficiaries) of the total beneficiaries in India.

During the initial phase, around 30 million healthcare and frontline workers will be vaccinated, followed by those above 50 years of age and the under-50 population groups with co-morbidities numbering around 270 million. Enditem
NEW DELHI, Feb. 13, 2021 (Xinhua) — A health worker administers a dose of COVID-19 vaccine to a civil defence personnel at a private hospital in New Delhi, India, on Feb. 13,