ရောမ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီတလီနိုင်ငံတွင် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များအကြား အစည်းအဝေးကျင်းပပြီးနောက် လူအများအပြား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
ရောမ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီတလီနိုင်ငံနှင့် ကနေဒါနိုင်ငံမှ သုတေသီများက အီတလီနိုင်ငံတွင် ရောဂါကူးစက်မှုတွေ့ရှိကြောင်း သတင်းမဖော်ပြမီ သုံးလခန့်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ကတည်းက COVID-19 စတင်ပျံ့နှံ့နေခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ရောမ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီတလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး Luciana Lamorgese သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ကို ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်အရ သိရသည်။
ဘာလင်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ယခုအခါ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်၏ ၉၉.၅ ရာခိုင်နှုန်းခန့်သည် အီတလီနိုင်ငံ မြောက်ပိုင်းမှ ဗီဇပြောင်းမျိုးကွဲတစ်ခုဖြစ်ကြောင်း ဂျာမန် ရောဂါပိုးမွှားဗေဒပညာရှင် Alexander Kekule က ပြောကြားခဲ့သည်။
ရောမ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ရှိနေခဲ့ပြီးဖြစ်ရာ ယင်းမှာ တရုတ်နိုင်ငံတွင် ပထမဆုံး စတင်တွေ့ရှိမှုထက် သုံးလ ပိုစောကြောင်း မီလန်မြို့ရှိ အမျိုးသားကင်ဆာဌာန(INT) ၏ နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။
ရောမ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ကိုဗစ် ဒုတိယလှိုင်းကို ရင်ဆိုင်ရာတွင် ပို၍တင်းကျပ်သော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ရှိကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Giuseppe Conte က နိုဝင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။
ရောမ၊အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုများ ပိုမိုအားကောင်းစေရန် နည်းလမ်းသစ်များ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။
ရောမ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အောက်တိုဘာ ၉ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၅,၃၇၂ ခုဖြင့် မှတ်တမ်းဝင်ခဲ့ကြောင်း အီတလီ ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။
ရောမ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အီတလီ နိုင်ငံအစိုးရ၏ အောက်တိုဘာ ၇ ရက်က နောက်ဆုံးထုတ်ပြန်ကြေညာခဲ့သည့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို အရှိန်မြှင့်တင်ကြောင်း နှင့် နိုင်ငံတော် အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁...
ရောမ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် သန်းနှင့်ချီသော အထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်းသားကျောင်းသူများသည် ရောဂါကာကွယ်ရေးအတွက် ၆ လကြာ အိမ်တွင်းအောင်းနေမှုများကို စက်တင်ဘာ ၁၄ ရက်တွင် အဆုံးသတ်ခဲ့ပြီးနောက် စာသင်ကျောင်းများသို့ အသီးသီး ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။