နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း နေပြည်တော်ကောင်စီနယ်မြေတွင် ယနေ့နံနက် ၉ : ၀၀ နာရီမှ စတင်ကာ ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးခဲ့ရာ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင် ၅၀ ဆေးရုံ၌ ကာကွယ်ဆေး စတင်ထိုးနှံမှုကို နေပြည်တော်ကောင်စီဥက္ကဌ၊...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက်မှာ ယခုရက်သတ္တပတ်အတွင်း သန်း ၁၀၀ အထိ ရောက်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။
အစ်မန်လီယာ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီဂျစ်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ အား Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆေးထိုးမည့်ပုံစံစာရွက်များ လိုက်လံဝေငှခြင်း နှင့် ပုံစံစာရွက်များ ပြန်လည်လက်ခံခြင်းများကို လုပ်ဆောင်ကာ ကြိုတင် စာရင်းကောက်ယူမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် တစ်နိုင်ငံလုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အခြေခံပညာဦးစီးဌာနရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးရန် လူဦးရေစာရင်းအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဇန်နဝါရီ ၂၅ ရက်တွင် တင်ပြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့...
ဘရာဇီးလီယာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံ ကျန်းမာရေး ကြီးကြပ်မှုအေဂျင်စီ (Anvisa) က COVID-19 တိုက်ဖျက်ရေးအတွက် CoronaVac ကာကွယ်ဆေး နောက်ထပ် အလုံးရေ ၄.၈ သန်းကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၂၂ ရက်က တညီတညွတ်တည်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVISHIELD COVID-19 ရောဂါကာကွယ်ဆေး ၁.၅ သန်း မြန်မာနိုင်ငံသို့ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းကာကွယ်ဆေးများအားလက်ခံပြီးနောက် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရေးဆီသို့ သယ်ဆောင်၍ ဇန်နဝါရီ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စတင်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် COVID-19 ရောဂါ ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာနိုင်ငံသို့ မနက်ဖြန် ဇန်နဝါရီ ၂၂ ရက် တွင် ရောက်ရှိလာမည်ဖြစ်ပြီး လူ ခုနှစ်သိန်းခွဲကို စတင်ထိုးပေးမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်...
တူနီးရှား ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဆင်ဟွာသတင်းဌာန အရှေ့အလယ်ပိုင်းဒေသရှိ သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ COVID-19 ကပ်ရောဂါသည် အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ပြန့်ပွားနေပြီး ဇန်နဝါရီ ၂၀ ရက် အချိန်တွင် အရှေ့အလယ်ပိုင်းဒေသရှိ အချို့နိုင်ငံများ ၏ ကပ်ရောဂါ အခြေအနေမှာ ပြန်လည်ကောင်းမွန်လာသော်လည်း အချို့နိုင်ငံများ၏...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကမ္ဘာတစ်ဝန်း ဒေသအသီးသီးတွင် ကာကွယ်ဆေးထိုးနှံမှုများ အသီးသီးဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထုတ်လုပ်မှု၊ ပံ့ပိုးမှုနှင့် ထိုးနှံမှု အခက်အခဲပြဿနာအမျိုးမျိုးသည် အထူးအားရုံစိုက်စရာ ဖြစ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကာကွယ်ဆေး မျှတစွာ ဝေမျှရန် အမြဲအလေးထားတိုက်တွန်းခဲ့ကြောင်း သိရသည်။