Connect with us

WORLD

ကာကွယ်ဆေးခွဲဝေမှု မမျှတမှုများ ရှိနေ၊ ချမ်းသာသည့်နိုင်ငံများအနေဖြင့် ထို့သို့ မလုပ်ဆောင်ကြရန် တက်ဒရော့စ်ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကမ္ဘာတစ်ဝန်း ဒေသအသီးသီးတွင် ကာကွယ်ဆေးထိုးနှံမှုများ အသီးသီးဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထုတ်လုပ်မှု၊ ပံ့ပိုးမှုနှင့် ထိုးနှံမှု အခက်အခဲပြဿနာအမျိုးမျိုးသည် အထူးအားရုံစိုက်စရာ ဖြစ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကာကွယ်ဆေး မျှတစွာ ဝေမျှရန် အမြဲအလေးထားတိုက်တွန်းခဲ့ကြောင်း သိရသည်။

ချမ်းသာသည့်နိုင်ငံ အချို့က ကာကွယ်ဆေး သိုလှောင်ထားခြင်း၊ ကြားဖြတ်ယူခြင်း၊ အဆက်အသွယ်ဖြင့် ရယူခြင်း၊ ဈေးနှုန်းမြှင့်တင်ခြင်း စသည့် လုပ်ဆောင်မှုများရှိနေသည့်အပေါ် ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ပြီးခဲ့သည့်ရက် WHO အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဝေဖန်ပြောကြားခဲ့သည်။

“အားမနာတမ်းတိုက်ရိုက်ပြောရရင် ကမ္ဘာမှာ ကပ်ဘေးအသွင်စာရိတ္တပျက်ပြားလုနီးဖြစ်နေတယ်။ ဒီလိုပျက်ပြားမှုကြောင့် လဲလိုက်ရမှာက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာရှိတဲ့ ပြည်သူတွေရဲ့အသက်နဲ့ဘဝတွေပဲ ”ဟု တက်ဒရော့စ်က သတိပေးပြောကြားခဲ့သည်။

ဘရာဇီး အမေဇုန်ပြည်နယ်Tabatingaမြို့တွင် ဌာနေတိုင်းရင်းသား ဆေးဝန်ထမ်းတစ်ဦးအား တရုတ်နိုင်ငံထုတ် COVID-19ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ကာကွယ်ဆေးထိုးချင်မှာပဲ။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ချမ်းသာတဲ့နိုင်ငံတွေက အသက်ပိုငယ်သူတွေ၊ ပိုကျန်းမာသူတွေက ဆင်းရဲတဲ့နိုင်ငံတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊အသက်ကြီးရွယ်အိုတွေထက် ကာကွယ်ဆေး စောပြီးထိုးချင်တယ်ဆိုရင်တော့ ဒါက ပြဿနာပါပဲ။ လူတွေအားလုံးကို လုံလောက်တဲ့ ကာကွယ်ဆေး ပံ့ပိုးပေးနိုင်မှာပါ။ ဒါပေမဲ့ အခုအခြေအနေမှာ ကျွန်တော်တို့က ကမ္ဘာ့မိသားစုဆိုတဲ့ ရှုထောင့်ကနေပြီး နိုင်ငံအားလုံးမှာရှိတဲ့ ရောဂါပြင်းထန်သူနှင့်သေဆုံးနိုင်မှုအန္တရာယ်အများဆုံး လူအုပ်စုတွေကို ကာကွယ်ဆေးထိုးနှံနိုင်အောင် လက်တွဲဆောင်ရွက်သွားရမယ်”ဟု ၎င်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား COVID-19ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုဗစ်ကာကွယ်ဆေး COVAXအစီအစဉ် ဦးဆောင်မှုတွင် ကာကွယ်ဆေးများကို မျှတစွာ ဝေငှရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း WHOက ပြီးခဲ့သည့်ရက်များတွင် အလေးထားပြောကြားခဲ့သည်။ထို့အပေါ် တက်ဒရော့စ်က “အချို့နိုင်ငံနဲ့ ကုမ္ပဏီတွေက မျှတစွာ မျှဝေမယ်ဆိုတဲ့ ပါးစပ်အပြောပဲရှိပြီး COVAXအစီအစဉ်ကို ရှောင်ကွင်းပြီး ဦးစားပေး နှစ်ဖက်ရောင်းဝယ်ရေးတွေ၊ ဈေးတင်ကြားဖြတ်ယူဆောင်မှုတွေ လုပ်နေတယ်”ဟု ဆိုသည်။

ကာကွယ်ဆေးထုတ်လုပ်သူများအနေဖြင့် အမြတ်ပိုရနိုင်အောင် ချမ်းသာသည့်နိုင်ငံများတွင် ဈေးကွက်တင် ခွင့်ပြုရန် ဦးစားပေးစဉ်းစားကြပြီး WHOကို အပြည့်အစုံပေးအပ်ခြင်းမရှိကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် COVAXအစီအစဉ်မှ ကာကွယ်ဆေး အသုံးပြုရန် မျှဝေမှုကို နှောင့်နှေးစေမည်ဖြစ်ပြီး ၎င်းမှာ WHO၏ မူလက ရှောင်ရှားစေလိုသည့် ကာကွယ်ဆေးသိုလှောင်မှု၊ ဈေးကွက်ရှုပ်ထွေးမှုနှင့်မမျှတမှု ပြဿနာများ ဖြစ်ပေါ်လာစေကြောင်း ဆိုသည်။

စာရင်းများအရ တစ်ကမ္ဘာလုံးရှိ ဝင်ငွေမြင့်မားသည့် နိုင်ငံ (၄၉)နိုင်ငံတွင် ကာကွယ်ဆေး ထိုးနှံပြီးသူ (၃၉)သန်း ရှိသော်လည်း အချို့ ဝင်ငွေနည်းနိုင်ငံများတွင် ယနေ့အထိ ကာကွယ်ဆေး (၂၅)လုံးသာ ရသေးကြောင်း၊ “ကာကွယ်ဆေး (၂၅)သန်းမဟုတ်ပဲ၊ (၂၅)လုံးသာ ရတယ်”ဟု တက်ဒရော့စ်က ဆိုသည်။

ယခုကဲ့သို့ တစ်ကိုယ်တည်းဦးစားပေး လုပ်ဆောင်မှုက ဝင်ငွေနည်းပါးနိုင်ငံများရှိ ကူးစက်မှုအန္တရာယ်မြင့်မားသည့် လူအုပ်စုကို လျစ်လျူရှုခြင်းဖြစ်သလို ကိုယ့်ဒုက္ခကိုယ်ရှာခြင်းလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီလုပ်ဆောင်မှုကြောင့် နောက်ဆုံးတွင် ကပ်ရောဂါကာလ ကြာရှည်သွားမယ်၊ ကျွန်တော်တို့ရဲ့ ဒုက္ခကာလလည်း ကြာရှည်မယ်၊ သက်ဆိုင်ရာ ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းတွေလည်း သက်တမ်းတိုးရမယ်။ ပြည်သူနဲ့ စီးပွားရေး ဆက်လက်ထိခိုက်ဖို့ပဲရှိမယ်”ဟု ၎င်းက ဆိုသည်။

နှလုံးသွင်းစဉ်းစားရမည့်ရှုထောင့်အပြင် အကျိုးအမြတ် ရှုထောင့်အနေဖြင့်လည်း သဘောပေါက်နားလည်အောင် တက်ဒရောစ့်က သုတေသနရလဒ်တစ်ခုကို ကိုးကား ပြောကြားခဲ့ရာမှာ ကာကွယ်ဆေး မျှတစွာ ဝေငှခြင်းဆောင်ရွက်မည်ဆိုပါက ၂၀၂၁ ခုနှစ်တွင် အချမ်းသာဆုံး နိုင်ငံ(၁၀)နိုင်ငံအတွက် ကန်ဒေါ်လာ (၁၅၃) ဘီလီယံနှင့် ညီမျှသည့် အကျိုးအမြတ် ရရှိမည်ဖြစ်ပြီး ၎င်းကိန်းဂဏန်းသည် ၂၀၂၅ ခုနှစ်တွင် ကန်ဒေါ်လာ (၄၆၆)သန်းအထိ ရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

“အခုက သိပ်ပြီးနောက်မကျသေးပါဘူး။ နိုင်ငံအားလုံး တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်စွာနဲ့ ဒီနှစ် ရက်(၁၀၀)အတွင်း နိုင်ငံအားလုံးရှိ ကျန်းမာရေးဝန်ထမ်း၊သက်ကြီးရွယ်အိုများကိုကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်ကြပါ။ ဒါက ကမ္ဘာ့နိုင်ငံအားလုံး၏ အကောင်းဆုံးသောအကျိုးစီးပွားနဲ့ ကိုက်ညီပါတယ်”ဟု တိုက်တွန်းပြောကြားခဲ့သည်။

လူသားများတွင် ကြေကွဲဖွယ်အတွေ့အကြုံများ ရှိခဲဖူးကြောင်း၊ ဥပမာ AIDSရောဂါအတွက် ထိရောက်သည့် ဆေးဝါးပေါ်လာပြီး (၁၀)နှစ်ကျော် ကြာမှ ကမ္ဘာ့အဆင်းရဲဆုံးလူအုပ်စုက အသုံးပြုခွင့်ရခဲ့ကြသလို ကမ္ဘာ့အဆင်းရဲဆုံး လူများ H1N1 ကာကွယ်ဆေးရရှိချိန်သည် ကပ်ရောဂါကြီးအဆုံးသတ်ချိန်မှဖြစ်ကြောင်း ဆိုသည်။

ယခုအကြိမ် COVID-19ကပ်ရောဂါတွင် လူသားများက ထိုဖြစ်ရပ်များကို ရှောင်ရှားပြီး မတူညီသည့်ရလဒ်ကောင်းကို ရေးသားနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဆက်လက်၍ မည်သို့ ဖြစ်ပွားမည်မှာ မိမိတို့၏ ဆောင်ရွက်ချက်ကို ကြည့်ရမည်ဖြစ်ကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။(Xinhua)

————————————————
(Chinese Version)

全球疫苗分配不公 谭德塞急了:富国不能这么干

  新华社日内瓦1月20日电 随着全球各地陆续展开疫苗接种工作,有关疫苗生产、供应和接种的种种难点和问题格外受关注。世界卫生组织一直强调要推动疫苗公平分配。日前,世卫组织总干事谭德塞在世卫执委会上发表讲话,批评一些富国囤货、插队、走后门、推高物价等问题。
  “我必须直言不讳:世界正处于灾难性道德失败的边缘,而这一失败的代价将是世界上最贫穷国家民众的生命和生计。”谭德塞警告说。
谭德塞说:“每个国家的政府都希望优先为本国医护工作者和老年人接种疫苗,这没问题。但是,让富国中更年轻、更健康的成年人比穷国的医护工作者和老年人更早接种上疫苗,就有问题。会有足够疫苗提供给所有人的,但现在,我们必须从一个全球大家庭角度出发,携手保证所有国家面临最高重症和死亡风险的人群优先接种。”
  世卫组织日前强调,有必要通过其主导的COVAX计划(新冠肺炎疫苗实施计划)推动疫苗公平分配。
就此,谭德塞说:“一些国家和公司嘴上说着公平分配,却仍在优先双边交易,绕开COVAX计划,推高价格,还试图插队。”
他说,疫苗生产商优先考虑获取富裕国家的上市批准以追求更高利润,而不是向世卫组织提交完整材料,这可能会延迟COVAX计划内的疫苗交付,造成世卫组织原本想要避免的囤货、市场混乱、不协调等问题。
 谭德塞举例说,据统计,全球49个高收入国家已为其民众接种了3900万剂疫苗,而某个最低收入国家迄今只获得了25剂疫苗。“不是2500万,就是25!”
谭德塞质问道,这种“自我优先”的作法不仅置低收入国家高危人群于不顾,又何尝不是“搬起石头砸自己的脚”?“最终,这些行为只会延长疫情,延长我们的痛苦,延长相关防控措施,害得民众和经济继续受苦。”
  除了动之以情,还不得不晓之以“利”。谭德塞援引了一份研究结果说,推进疫苗公平分配,2021年可给最富有的10个国家带来等同于1530亿美元的经济利益,而这一数据到2025年将高达4660亿美元。
  “现在还不太晚。我呼吁所有国家能团结一致,保证在今年头100天之内,能在所有国家为医护人员和老年人接种疫苗。这符合地球上所有国家的最佳利益。”
谭德塞说,人类有过惨痛教训。比如,艾滋病有效药物出现10多年之后,世界上最贫困的人群才得以使用;再如,当世界上最贫困的人口获得H1N1疫苗时,疫情都已结束。
    他希望,人类这一次抗击新冠疫情,能书写一个不同的结局,避免重蹈覆辙。“接下来会怎样就看我们的了。”(记者:杜洋、刘阳;编辑:孙浩;剪辑:王沛)

图说1:2020年 3月9日,在瑞士日内瓦,世界卫生组织总干事谭德塞出席例行记者会。

图说2: 1月19日,在巴西亚马孙州塔巴廷加市,医护人员为一名原住民接种中国新冠疫苗。新华社发(卢西奥•塔沃拉摄)
图说3: 1月16日,在印度新德里,一名医护人员进行新冠疫苗注射的准备工作。新华社/法新