Connect with us

MYANMAR

ဘရာဇီးနိုင်ငံက COVID-19 ကာကွယ်ဆေး CoronaVac အလုံးရေ ၄.၈ သန်း အားထပ်မံခွင့်ပြု

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့တွင် CoronaVac ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီယာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘရာဇီးနိုင်ငံ ကျန်းမာရေး ကြီးကြပ်မှုအေဂျင်စီ (Anvisa) က COVID-19 တိုက်ဖျက်ရေးအတွက် CoronaVac ကာကွယ်ဆေး နောက်ထပ် အလုံးရေ ၄.၈ သန်းကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၂၂ ရက်က တညီတညွတ်တည်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းစတင် ဆောင်ရွက်လျက်ရှိသော ပထမအသုတ် CoronaVac အလုံးရေ ခြောက်သန်းကို အသုံးပြုရန် Anvisa က တရားဝင်ခွင့်ပြုခဲ့ပြီး နောက်တစ်နေ့တွင် ဆောပိုလို အခြေစိုက် Butantan အင်စတီကျု က ဇန်နဝါရီ ၁၈ ရက်တွင် ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးများသည် တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech နှင့် Butantan အင်စတီကျုတို့က ထုတ်လုပ်ထားခြင်းဖြစ်သည်။

CoronaVac ကားကွယ်ဆေးထိုးနှံပြီး ပထမအပတ်အတွင်း ပြဿနာတစ်စုံတစ်ရာမရှိခဲ့သဖြင့် ယင်းကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရပြီး အရည်အသွေးကောင်းမွန်၍ ထိရောက်သည့် ကာကွယ်ဆေးတစ်ခုအဖြစ် စဉ်းစားသုံးသပ်ကြောင်း Anvisa က ဆိုသည်။

Anvisa က COVID-19 တိုက်ဖျက်ရန် Sinovac နှင့် အောက်စဖို့ဒ်တက္ကသိုလ်/AstraZeneca ကာကွယ်ဆေးများကို အရေးပေါ် အသုံးပြုရန် ဇန်နဝါရီ ၁၇ ရက်တွင် တရားဝင်ခွင့်ပြုခဲ့သော်လည်း ဘရာဇီးနိုင်ငံ၌ ဇန်နဝါရီ ၂၂ ရက် အထိ CoronaVac ကာကွယ်ဆေးတစ်မျိုးသာ ရရှိသေးကြောင်း သိရသည်။

ဘရာဇီးနိုင်ငံရှိ ပြည်နယ်များအားလုံးနှင့် ဖက်ဒရယ်ခရိုင်တွင် ကျန်းမာရေးဝန်ထမ်းများ ၊ ဒေသခံတိုင်းရင်းသားများနှင့် ဂေဟာများတွင် စောင့်ရှောက်မှုခံယူနေရသည့် သက်ကြီးရွယ်အိုများကို ဦးစားပေး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ် စတင်လျက်ရှိသည်။

ဘရာဇီးနိုင်ငံတွင် ဇန်နဝါရီ ၂၂ ရက်အထိ COVID-19 ကူးစက်ခံရသူ ၈,၇၅၃,၉၂၀ ဦး နှင့် သေဆုံးသူ ၂၁၅,၂၄၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးရ အချက်အလက်များအရသိရသည်။ (Xinhua)

…………………………………
(English Version)
Brazil approves new batch of 4.8 million CoronaVac COVID-19 vaccines
2021-01-23 10:21:13
BRASILIA, Jan. 22 (Xinhua) — Brazil’s Health Regulatory Agency (Anvisa) unanimously approved on Friday the emergency use of another 4.8 million doses of the CoronaVac vaccine against COVID-19.
The request was made by the Sao Paulo-based Butantan Institute on Monday, a day after Anvisa authorized the use of the first batch of 6 million doses of CoronaVac, which kicked off a countrywide COVID-19 vaccination process.
The vaccines were developed by Chinese pharmaceutical firm Sinovac Biotech in partnership with the Butantan Institute.
Anvisa said it considers CoronaVac a “safe, quality and effective vaccine,” noting that its application in the first week of immunization has not presented any problems.
Although Anvisa authorized the emergency use of the Sinovac and the Oxford University/AstraZeneca vaccines against COVID-19 on Sunday, only CoronaVac doses were available in the South American country until Friday.
All Brazilian states and the Federal District have started the vaccination process, with priority given to health professionals, indigenous people and seniors living in nursing homes.
The South American country has logged 8,753,920 COVID-19 cases and 215,243 deaths as of Friday, according to the latest data from its health ministry. Enditem
A medical worker receives a dose of the CoronaVac vaccine in Sao Paulo, Brazil, on January 19, 2021. (Photo by Rahel Patrasso/Xinhua)