Connect with us

MYANMAR

နေပြည်တော်၌ ကျန်းမာရေး ဝန်ထမ်း ၃,၈၀၀ ကျော်အား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေး

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ခုတင် ၅၀ ဆေးရုံ၌ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံနေသည်ကို နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင် လာရောက်ကြည့်ရှုစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

နေပြည်တော်ကောင်စီနယ်မြေတွင် ယနေ့နံနက် ၉ : ၀၀ နာရီမှ စတင်ကာ ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးခဲ့ရာ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင် ၅၀ ဆေးရုံ၌ ကာကွယ်ဆေး စတင်ထိုးနှံမှုကို နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် အဖွဲ့က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးသည် ယမန်နေ့ မနက်ပိုင်းက ရန်ကုန်မြို့မှ နေပြည်တော်သို့ ပထမ အသုတ် အဖြစ် စတင် ရောက်ရှိခဲ့ပြီး နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက လက်ခံ ရယူခဲ့ကြောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း မြို့နယ် ရှစ်မြို့နယ်ရှိ ကုသရေးနှင့် ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာန(နေပြည်တော်)မှ ဝန်ထမ်းများနှင့် ဗဟိုအဆင့် ဆေးရုံကြီးများမှ ဝန်ထမ်းများ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၃,၈၀၀ ကျော်ကို ပထမအကြိမ် အဖြစ် စတင် ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ၂၈ ရက်အကြာတွင် အဆိုပါ ဝန်ထမ်းများအား ဒုတိယအကြိမ် ထပ်မံ ထိုးနှံပေးသွားမည် ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး (COVISHIELD) ကို ယနေ့နံနက်ပိုင်း ၈ : ၀၀ နာရီ၌ ပထမဆုံး စတင်ထိုးနှံမှု ခံရသူမှာ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး(ခုတင် ၁၀၀၀)မှ အထက်တန်း သူနာပြု ဒေါ်အေးအေးမူ ဖြစ်ကြောင်း၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ထိုးနှံပေးရမည့် လူအုပ်စုများအား သက်ဆိုင်ရာ ရက်များတွင် ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117