Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံသည့် လုပ်ငန်း တွန်းအားပေး ဆောင်ရွက်

ဇန်နဝါရီ ၁၉ ရက် ၌ အစ္စရေးနိုင်ငံ Giv'atayim မြို့ တွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးအားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တူနီးရှား ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဆင်ဟွာသတင်းဌာန အရှေ့အလယ်ပိုင်းဒေသရှိ သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ COVID-19 ကပ်ရောဂါသည် အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ပြန့်ပွားနေပြီး ဇန်နဝါရီ ၂၀ ရက် အချိန်တွင် အရှေ့အလယ်ပိုင်းဒေသရှိ အချို့နိုင်ငံများ ၏ ကပ်ရောဂါ အခြေအနေမှာ ပြန်လည်ကောင်းမွန်လာသော်လည်း အချို့နိုင်ငံများ၏ ကပ်ရောဂါ အခြေအနေ က ပိုမိုဆိုးရွားလာခဲ့ကြောင်း ၊ အစ္စရေး ၊ တူရကီ နှင့် အီရန် စသည့်နိုင်ငံများအနေဖြင့် လက်ရှိတွင် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် အစီအစဉ်အား တက်ကြွစွာ ဆောင်ရွက်နေကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက်ထုတ်ပြန်ခဲ့သော ကြေညာချက်အရ အစ္စရေး နိုင်ငံ တွင် လူပေါင်း ၉,၀၉၈ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံခဲ့ရပြီး ကူးစက်ခံရသူ စုစုပေါင်း ၅၇၄,၇၁၈ ဦး အထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၉၄ ဦး ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၄,၁၇၄ ဦးရှိခဲ့ကြောင်း ၊ အစ္စရေးနိုင်ငံ အနေဖြင့် ယခင်နှစ်ကုန်ပိုင်းအချိန်မှစတင်၍ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား စတင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အစ္စရေး နိုင်ငံ၌ လူပေါင်း ၂.၃၁ သန်း ကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကာ ဆက်လက်၍ အသက် ၄၀ မှ ၄၅ နှစ်အတွင်းရှိသူ များကို ကာကွယ်ဆေး ထိုးနှံပေးရန် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ကြေညာချက်အရ တူရကီနိုင်ငံ တွင် တစ်ရက်အတွင်း လူပေါင်း ၆,၄၃၅ ဦး က Nucleic acid စစ်ဆေးရာတွင် ရောဂါပိုးကူးစက်ခံထားရ သည်ကိုမတွေ့ရှိကြောင်း ၊ လက်ရှိအချိန်ထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်း ၂,၄၀၆,၂၁၆ ဦးရှိကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁၅၉ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၄,၄၈၇ ဦးရှိလာခဲ့ကြောင်း ၊ တူရကီနိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းအချိန်ထိ လူပေါင်း ၁ သန်းကျော် က တရုတ်နိုင်ငံ မှ ထုတ်လုပ်သော COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရှိရသည်။

အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ကြေညာချက်အရ နိုင်ငံ အတွင်း လူပေါင်း ၆,၁၈၂ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံခဲ့ရပြီး ကူးစက်ခံရသူ စုစုပေါင်း ၁,၃၄၈,၃၁၆ ဦး အထိရောက်ရှိလာခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးခဲ့သူ ၈၄ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၄၅၇,၀၅၇ ဦးရှိခဲ့ကြောင်း သိရှိရသည်။ အီရန်နိုင်ငံ သမ္မတ Hassan Rouhani က ဇန်နဝါရီ ၂၀ ရက်၌ ကျင်းပပြုလုပ်သည့် အမျိုးသား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ညွှန်ကြားရေးဌာန အစည်းအဝေး တက်ရောက်ခဲ့ရာတွင် အကယ်၍ ကပ်ရောဂါ က စတုတ္ထလှိုင်းဖြစ်ပွားခဲ့ပါက လွန်စွာ အန္တရာယ်များကြောင်း ၊ အစိုးရအနေဖြင့် ပြည်ပ မှ COVID-19 ရောဂါ ကာကွယ်ဆေးများဝယ်ယူထားပြီးဖြစ်ကာ ပထမအသုတ် ကာကွယ်ဆေးများ သည် သတင်းပတ်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်ပြီး ရောက်ရှိလာပါက ချက်ချင်းအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက်ထုတ်ပြန်ကြေညာချက်အရ တူနီးရှား နိုင်ငံ တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃,၈၉၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၈၈,၃၇၃ ဦးရှိလာခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၈၄ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၅,၉၂၁ ဦးရှိလာကြောင်း သိရှိရသည်။ တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Faouzi Mehdi က ဇန်နဝါရီ ၂၀ ရက်၌ တူနီးရှားနိုင်ငံ အနေဖြင့် ဖေဖော်ဝါရီလ မှ စတင်၍ နိုင်ငံအတွင်းရှိ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ယခုနှစ် ဒုတိယရာသီ မှ စတင်၍ အသက် ၇၅ နှစ် အထက် သက်ကြီးရွယ်အိုများအပါအဝင် ပိုမိုများပြားသောသူများကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယား ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၆၅ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၄,၆၀၆ ဦးရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၆ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂,၈၄၉ ဦးရှိကြောင်း သိရှိရသည်။ အယ်လ်ဂျီးရီးယား နိုင်ငံ COVID-19 ကပ်ရောဂါ လေ့လာစောင့်ကြည့်ရေး သိပ္ပံနည်းပညာကော်မတီ အဖွဲ့ဝင် ၏ ပြောကြားချက်အရ ဖေဖော်ဝါရီလအချိန်တွင် အယ်လ်ဂျီးရီးယား နိုင်ငံ သည် ဗြိတိန် နိုင်ငံ AstraZeneca ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီ နှင့် အောက်စ်ဖို့တက္ကသိုလ် တို့မှ ပူးပေါင်း တီထွင်ထုတ်လုပ်ထားသည့် COVID-19 ရောဂါ ကာကွယ်ဆေး က လက်ခံရရှိမည်ဖြစ်ပြီး အစိုးရ အနေဖြင့် ရုရှား နှင့် တရုတ် နိုင်ငံ တို့မှ ကာကွယ်ဆေးများလည်း တင်သွင်းရန် အစီအစဉ် ရေးဆွဲထားကြောင်း သိရှိရသည်။

လက်ဘနွန်နိုင်ငံတွင် ကပ်ရောဂါအခြေအနေ ဆိုးရွားလာခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၄,၃၃၂ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၆၄,၆၄၇ ဦးအထိရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၆၄ ဦးရှိခဲ့ပြီး ယင်းမှာ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း COVID-19 ရောဂါကြောင့် လူအများဆုံး သေဆုံးမှု ဖြစ်ခဲ့ကာ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂,၀၈၄ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ကာတာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ကြေညာချက်အရ ကာတာ နိုင်ငံ တွင် လူပေါင်း ၂၇၁ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံခဲ့ရပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၄၈,၀၀၀ ဦးအထိရောက်ရှိလာခဲ့ကာ COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၈ ဦး ရှိလာကြောင်း သိရှိရသည်။ ကာတာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ကြေညာချက်အရ ရဲတပ်ဖွဲ့အနေဖြင့် ယင်းနေ့တွင် အများပြည်သူသွားလာရာ နေရာများ၌ နှာခေါင်းစည်းမတပ်ဆင်သူများကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

#MiddleEast #COVID-19 #Vaccine #Vaccination #အရှေ့အလယ်ပိုင်းဒေသ #ကာကွယ်ဆေး
#ကပ်ရောဂါ #ဆင်ဟွာ #Xinhua
————————————————
(Chinese Version)

中东多国推进新冠疫苗接种

  新华社突尼斯1月21日电 综合新华社驻中东地区记者报道:新冠疫情仍在中东地区持续蔓延。截至20日,虽有部分国家疫情趋缓,但也有的国家防疫形势不容乐观。以色列、土耳其、伊朗等多国正积极推进新冠疫苗接种计划。
  以色列卫生部20日报告新增确诊病例9089例,累计确诊574718例;新增死亡病例94例,累计死亡4174例。以色列已于去年底启动新冠疫苗接种。以卫生部当天宣布,该国已有231万人接种疫苗,将进一步扩大接种范围至40岁至45岁人群。
 土耳其卫生部20日发布的数据显示,该国一天内新增6435名核酸检测阳性者,累计新冠感染人数达2406216人;新增死亡病例159例,累计死亡24487例。截至当天中午,土耳其已有超过100万人接种了中国新冠疫苗。
  伊朗卫生部20日报告新增确诊病例6182例,累计确诊1348316例;新增死亡病例84例,累计死亡57057例。伊朗总统鲁哈尼当天出席国家疫情防控指挥部会议时表示,如发生第四轮疫情将十分危险。政府已从国外采购新冠疫苗,首批疫苗预计数周内抵达,届时将立即投入使用。
  突尼斯卫生部20日报告新增确诊病例3890例,累计确诊188373例;新增死亡病例77例,累计死亡5921例。卫生部长迈赫迪当天介绍,该国计划2月起为一线医护人员接种新冠疫苗,今年二季度起为包括75岁以上老年人在内的更多人群接种。
  阿尔及利亚卫生部20日报告新增确诊病例265例,累计确诊104606例;新增死亡病例6例,累计死亡2849例。该国负责新冠疫情监测的科学委员会成员里亚德•马亚韦当天介绍,阿尔及利亚将于2月收到英国阿斯利康制药公司与牛津大学合作研发的新冠疫苗,还计划从俄罗斯和中国引进疫苗。
  黎巴嫩防疫形势严峻。该国卫生部20日报告新增确诊病例4332例,累计确诊264647例;新增死亡病例64例,创疫情暴发以来单日新高,累计死亡2084例。
  卡塔尔卫生部20日报告新增确诊病例271例,累计确诊148000例,累计死亡248例。卡塔尔内政部20日介绍,警方当天抓扣了多名在公共场所未戴口罩人员。(执笔记者:黄灵;参与记者:刘宗亚、郑思远、王峰、尚昊、杨元勇、张淼、涂一帆、苏小坡、王薇、熊思浩、夏晨、陈斌杰、王尚、潘晓菁、吴丹妮、马意翀)
Photo
1月19日,一名男子在以色列吉夫阿塔伊姆接种新冠疫苗。新华社发(穆阿迈尔•阿瓦德摄)