Connect with us

WORLD

အီဂျစ်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများအား Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှု စတင်

အီဂျစ်နိုင်ငံ အစ်မန်လီယာပြည်နယ် Abu Khalifa အရေးပေါ်ကုသမှုဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ်မန်လီယာ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီဂျစ်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ အား Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။

ဆေးရုံအားလုံး၊ ရဲတပ်ဖွဲ့နှင့်စစ်တပ်၏ ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၅ ရက်မှစ၍ Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ကိုဗစ်လူနာများကို ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံသွားမည်ဖြစ်ကြောင်း Hala Zayedက အစ်မန်လီယာပြည်နယ် Abu Khalifaအရေးပေါ်ကုသမှုဆေးရုံ၌ ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများပြီးမှ သက်ကြီးရွယ်အို၊ ရောဂါအခံရှိသူများကို စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ၊ နောက်ဆုံးတွင် သာမာန်လူများကို ထိုးနှံပေးမည်ဟု ၎င်းကဆိုသည်။

အီဂျစ်နိုင်ငံ အစ်မန်လီယာပြည်နယ် Abu Khalifa အရေးပေါ်ကုသမှုဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Sinopharm COVID-19ကာကွယ်ဆေးသည် အီဂျစ်ဆေးဝါးကြီးကြပ်ရေးဌာနတွင် မှတ်ပုံတင်ပြီးဖြစ်ကြောင်း၊ လာမည့်ရက်ပိုင်းများတွင် မှတ်ပုံတင်မည့် ကိုဗစ်ကာကွယ်ဆေး (၃)မျိုးရှိသေးကြောင်း၊ ထို့အပြင် GAVI မှလည်း ကိုဗစ်ကာကွယ်ဆေး သန်း(၁၀၀) ကြိုတင်မှာယူထားကြောင်း Hala Zayedက ဆိုသည်။

Sinopharm COVID-19ကာကွယ်ဆေးကို အီဂျစ်တွင် လက်တွေ့စမ်းသပ်မှုပြုလုပ်ခဲ့ရာ “ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနှင့် ထိရောက်မှုက အာမခံနိုင်တယ် ”ဟု အီဂျစ် ကျန်းမာရေးဝန်ကြီးဌာန ပညာရှင်အဖွဲ့ ၊ အီဂျစ် အမျိုးသား သုတေသန စင်တာ ရောဂါပိုးမွှားဗေဒ ပါမောက္ခ Mohamed Ahmed Aliက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက Abu Khalifa အရေးပေါ်ကုသမှုဆေးရုံရှေ့တွင် ဇန်နဝါရီ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

Abu Khalifa အရေးပေါ်ကုသမှုဆေးရုံ အလုပ်သင် ဆရာဝန်တစ်ဦးဖြစ်သည့် Abdul Munem Salemက ယင်းနေ့တွင် Sinopharm COVID-19ကာကွယ်ဆေး ထိုးနှံမှုကို ခံယူခဲ့ရာ ကိုဗစ်ကာကွယ်ဆေးထိုးနှံသည့် ပထမအသုတ် ကျန်းမာရေးဝန်ထမ်းများအနက် တစ်ဦး ဖြစ်ခဲ့သည်။
“Sinopharm ကာကွယ်ဆေးက ဘေးကင်းထိရောက်မှုရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်။ လူထုကိုလည်း ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလိုတယ်”ဟု ၎င်းက ဆိုသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရုတ်-အီဂျစ်နှစ်နိုင်ငံအကြား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၂ ရက်တွင် Sinopharm ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် တရားဝင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီဂျစ် ကျန်းမာရေးဌာန ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဇန်နဝါရီ ၂၄ ရက်အထိ အီဂျစ်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း(၁၆၁,၈၁၇)ဦး၊ စုစုပေါင်းသေဆုံးသူ (၈,၉၅၉)ဦး၊ ရောဂါသက်သာပျောက်ကင်းသွားသူ (၁၂၆,၄၉၇)ဦး ရှိကြောင်း သိရသည်။ (Xinhua)
  
—————————————————-
(Chinese Version)

(国际疫情)埃及开始为医护人员接种中国国药集团新冠疫苗

新华社埃及伊斯梅利亚1月24日电(记者李碧念)埃及卫生与人口部部长哈拉•扎耶德24日宣布,埃及将于25日开始为医护人员接种中国国药集团新冠灭活疫苗。
扎耶德当天在伊斯梅利亚省阿布•哈利法急诊医院举行的新闻发布会上说,埃及所有公立医院、警察和军队的医护人员将于25日开始接种国药集团新冠疫苗,负责新冠患者诊治的医护人员优先。在医护人员之后,老年人、慢性病和免疫系统疾病患者将开始接种,最后是普通人群接种。
扎耶德说,国药集团新冠疫苗在埃及药品管理局已完成注册,还有3种新冠疫苗将在未来几天完成注册。此外,埃及还通过全球疫苗免疫联盟等途径预约了1亿剂新冠疫苗。
埃及卫生部专家委员会成员、埃及国家研究中心病毒学教授穆罕默德•艾哈迈德•阿里在新闻发布会上表示,国药集团新冠疫苗在埃及进行了临床试验,“我可以保证疫苗的安全性和有效性”。
  阿布•哈利法急诊医院实习医生阿卜杜勒•穆奈姆•萨利姆当天接种了国药集团新冠疫苗,成为首批接种该疫苗的埃及医护人员之一。他表示,相信国药集团新冠疫苗是安全和有效的,推荐民众尽可能使用。
  
  2020年12月31日,中埃两国签署《中埃关于新冠病毒疫苗合作意向书》。今年1月2日,埃及正式批准在埃紧急使用国药集团新冠疫苗。
  埃及卫生部发布的最新数据显示,截至24日,埃及累计新冠确诊病例161817例,累计死亡病例8959例,累计治愈病例126497例。(完)

图说(1):埃及开始为医护人员接种中国国药集团新冠疫苗
1月24日,在埃及伊斯梅利亚省阿布•哈利法急诊医院,一名医护人员接种中国新冠疫苗。新华社发(赛义德•哈桑摄)
图说(2):1月24日,在埃及伊斯梅利亚省阿布•哈利法急诊医院,一名医护人员准备接种中国新冠疫苗。 新华社发(阿德尔•伊萨摄)
图说(3)1月24日,在埃及伊斯梅利亚省阿布•哈利法急诊医院,埃及卫生与人口部部长哈拉•扎耶德(后左)在新闻发布会上讲话。 新华社记者邬惠我摄