ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ကမ္ဘာပေါ်တွင် E484K ခေါ် ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သစ်ဖြင့် ပထမဆုံး ရောဂါပြန်လည်ကူးစက်ခံရသူဖြစ်လာကြောင်း နိုင်ငံပိုင် Agencia Brasil သတင်းအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
လန်ဒန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၆ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၆၂,၃၂၂) ဦး ရှိပြီးကပ်ရောဂါကာလ တစ်ရက်အတွင်း အတည်ပြုလူနာဦးရေ အများဆုံးစံချိန်သစ်ကို ထပ်တင်ခဲ့ခြင်းဖြစ်ရာ စုစုပေါင်းအတည်ပြုလူနာ (၂,၈၃၆,၈၀၁)ဦးထိရှိိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန့်သည့် ကိန်းဂဏန်းများအရ သိရသည်။
နယူးဒေလီ၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အိန္ဒိယနိုင်ငံ၌ ဗြိတိန်တွင် ခြေရာခံတွေ့ရှိခဲ့သော ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၃၈ ဦးထိ ရှိလာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၁၂ နာရီအတွင်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ဗိုင်းရပ်စ်အသစ်ကူးစက်မှု ၂၀ ခုအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀...
လန်ဒန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံတွင် နောက်ထပ် COVID-19 ရောဂါဖြစ်ပွားမှု ၃၆,၈၀၄ ဦးတွေ့ရှိခဲ့သဖြင့် ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ နေ့စဉ် ကူးစက်မှုအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်လာခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ဂျီနီဗာ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ယခုကာလများတွင် ဗြိတိန်နိုင်ငံ၌ ထွက်ပေါ်လာသည့် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကျယ်ကျယ်ပြန့်ပြန့် အာရုံထားဂရုပြုမှုများရှိခဲ့ရာ ဆွီဒင်၊ ဆွစ်ဇာလန်၊ ပြင်သစ် စသည့် ဥရောပနိုင်ငံအများအပြားသည် အဆိုပါ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ဦးတည်သည့် ကာကွယ်မှုများပြုလုပ်ထားပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ဒီဇင်ဘာ၂၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်သည် ၎င်းနေထိုင်ရာ Delaware ပြည်နယ်တွင် ဒီဇင်ဘာ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူနေပုံကို ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် အင်္ဂလန်နိုင်ငံ၌ ပိုမိုလျင်မြန်စွာကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရာ ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင်...
ပါရီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ၄၈ နာရီကြာ ဗြိတိန်ခရီသွားဝင်ရောက်ခြင်းကို ယာယီရပ်နားထားမည်ဟု ပြင်သစ်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။
နန်ကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆူးပြည်နယ် ဝူရှီမြို့တွင် တင်သွင်းအေးခဲအစားအစာ နမူနာတစ်ခုကို စမ်းသပ်စစ်ဆေးခဲ့ရာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရကြောင်း ဒေသတာဝန်ရှိသူများက ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။