Connect with us

WORLD

ဥရောပနိုင်ငံများက ဗြိတိန်၏ မျိုးရိုးဗီဇပြောင်း ကိုရိုနားဗိုင်းရပ်စ်အား ရင်ဆိုင်ဖြေရှင်းလျက်ရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ St Pancras ရထားဘူတာတွင် Eurostar ရထားတွဲအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ယခုကာလများတွင် ဗြိတိန်နိုင်ငံ၌ ထွက်ပေါ်လာသည့် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကျယ်ကျယ်ပြန့်ပြန့် အာရုံထားဂရုပြုမှုများရှိခဲ့ရာ ဆွီဒင်၊ ဆွစ်ဇာလန်၊ ပြင်သစ် စသည့် ဥရောပနိုင်ငံအများအပြားသည် အဆိုပါ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ဦးတည်သည့် ကာကွယ်မှုများပြုလုပ်ထားပြီဖြစ်ကြောင်း သိရသည်။

“VUI-202012/01”ဟု အမည်ပေးထားသည့် ယင်းဗိုင်းရပ်စ်ကို ဗြိတိန်နိုင်ငံရှိ ကိုဗစ်ကပ်ရောဂါအခြေအနေ ဆိုးဝါးသည့် ဒေသအချို့တွင် ကူးစက်မှုအများအပြား တွေ့ရှိခဲ့သည်။ ယင်းဗီဇအသွင်ပြောင်းလဲသွားသည့် ကိုရိုနာဗိုင်းရပ်စ်ကို ဩစတြေးလျ၊ ဒိန်းမတ်၊ အီတလီ၊ အိုက်စလန်နှင့် နယ်သာလန်နိုင်ငံများတွင် တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ St Pancras ရထားဘူတာတွင် Eurostar ပြည်ပထွက်ခွာခန်းမဆောင်၏ မြင်ကွင်းအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသစ်ထွက်ပေါ်လာသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျာမနီနိုင်ငံတွင် ဒီဇင်ဘာ ၂၁ ရက် ညသန်းခေါင်ယံအချိန်မှစ၍ ယခုနှစ်ကုန်ပိုင်းအထိ ဗြိတိန်လေကြောင်းဝင်ရောက်မှုကို တားမြစ်မည်ဖြစ်ကြောင်း ဂျာမနီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။ တားမြစ်ချက်တွင် ဂျာမနီသို့ အပြန်လာမည့် လေယာဉ်၊ စာပို့ကုန်တင်လေယာဉ် သို့မဟုတ် အလွတ်မောင်းနှင်သော လေယာဉ်များနှင့် ဆေးကုသရေးအဖွဲ့ဝင်များ လိုက်ပါသည့် လေယာဉ်များ မပါဝင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Heathrow လေဆိပ်တွင် ထွက်ခွာရန် တန်းစီစောင့်ဆိုင်းနေသည့် ခရီးသည်များအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆွီဒင်နိုင်ငံတွင် အိမ်နီးချင်း ဒိန်းမတ်နိုင်ငံ၏ ပြည်ဝင်ခွင့်ကို တားမြစ်ထားကြောင်း ဒီဇင်ဘာ ၂၁ ရက်က ကြေညာခဲ့သည်။ ပြည်ဝင်ခွင့်တားမြစ်ချက်တွင် ဒိန်းမတ် သို့မဟုတ် ဗြိတိန်မှ ပြန်လာမည့် ဆွီဒင်နိုင်ငံသားများမပါဝင်သော်လည်း အခြားခရီးသွားများ၏ ပြည်ဝင်ခွင့်ကို ငြင်းပယ်ထားမည်ဖြစ်ကြောင်း သိရသည်။ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မလိုအပ်ဘဲ ဗြိတိန်သို့ ခရီးသွားလာခြင်းမှန်သမျှကို ရပ်နားရန် ခရီးသွားသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Heathrow လေဆိပ်တွင် စောင့်ဆိုင်းနေသည့် ခရီးသည်တစ်ဦးအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံတွင် ဒီဇင်ဘာ ၁၄ ရက်မှစ၍ ဗြိတိန်မှ ဝင်ရောက်သူအားလုံးကို (၁၀)ရက် သီးခြားခွဲထားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်ဖက်ဒရယ်ကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ဗြိတိန်နှင့်အသွားအလာရှိလေကြောင်းလိုင်းများကို ယာယီရပ်နားမည်ဟု လေကြောင်းအာဏာပိုင်များက ကြေညာခဲ့သည်။

ခရိုအေးရှားနိုင်ငံကလည်း ဒီဇင်ဘာ ၂၀ ရက် ညပိုင်းမှစ၍ ၄၈ နာရီအတွင်း ဗြိတိန်မှလာရောက်သည့် ခရီးသည်တင်လေယာဉ်ဆင်းသက်မှုကို ယာယီ ရပ်နားထားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဘက်ပေါင်းစုံမှ ဗီဇအသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်၏အခြေအနေအား လေ့လာစစ်ဆေးမှုကို စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း ခရိုအေးရှား ဝန်ကြီးချုပ် Andrej Plenkovićက ယင်းနေ့ညပိုင်းတွင် ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Heathrow လေဆိပ်တွင် စောင့်ဆိုင်းနေသည့် ခရီးသည်တစ်ဦးအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက် သန်းခေါင်ယံအချိန်မှစ၍ ၄၈ နာရီအတွင်း ဗြိတိန်ခရီးသွားအားလုံးဝင်ရောက်မှုကို ယာယီရပ်နားထားမည်ဖြစ်ရာ ကုန်းလမ်း၊ရထားလမ်း၊လေကြောင်း၊ ရေကြောင်း သက်ဆိုင်သည့် ကုန်ပစ္စည်းပို့ဆောင်သူများ ဝင်ရောက်လာခြင်းများလည်း ပါဝင်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်ရုံးက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဗြိတိန်မှ လူမပါကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနှင့် ပြင်သစ်မှ ဗြိတိန်သို့ ခရီးသွားမှုများကို ပုံမှန်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဇပြောင်းသည့် ဗိုင်းရပ်စ်သည် ကာကွယ်ဆေး၏ထိရောက်မှုအပေါ် သက်ရောက်ခြင်း ရှိမရှိဆိုကိုလည်း အများက အာရုံစိုက်ခဲ့ကြသည်။ ဥရောပ ဆေးဝါးအေဂျင်စီ(EMA)က ဒီဇင်ဘာ ၂၁ ရက်တွင် Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး၏ လုံခြုံမှုနှင့်ထိရောက်မှုကို အပြုသဘောအကဲဖြတ်မှုများပြုလုပ်ခဲ့ပြီးနောက် မကြာမီ ယင်းကာကွယ်ဆေးအား ဥရောပသမဂ္ဂနယ်နိမိတ်အတွင်း ဈေးကွက်တင်နိုင်ရန် ဥရောပကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးက ဗြိတိန်၏ဗီဇပြောင်းဗိုင်းရပ်စ်ကို ထိရောက်မှုမရှိသည့် သက်သေအထောက်အထားများ မတွေ့ရှိရသေးကြောင်း EMA တာဝန်ခံ Emer Cookeက ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

#Europe, #COVID-19, #UK, #variant, #Xinhua, #ဥရောပ, #ကိုရိုနာဗိုင်းရပ်စ်, #ဗီဇပြောင်း, #ဗြိတိန်, #ဆင်ဟွာ

——————————————
(Chinese Version)

(国际疫情)欧洲多国应对英国出现的变异新冠病毒

新华社日内瓦12月22日电英国出现的变异新冠病毒近来引起广泛关注,瑞典、瑞士、法国等欧洲多国已针对变异新冠病毒采取应对措施。
  这一变异病毒被命名为“VUI-202012/01”,英国新冠疫情较严重的一些地区已出现大量这种变异病毒感染病例。世界卫生组织21日宣布,这种变异新冠病毒已在澳大利亚、丹麦、意大利、冰岛和荷兰等国被发现。
 德国联邦交通部20日宣布,鉴于新出现的变异新冠病毒,将于21日零时起至今年年底禁止来自英国的航班入境。禁令不涉及德国返航机组、只运载邮件、货物或空驶的航班和运载公共卫生医疗人员的航班等。
瑞典21日宣布禁止来自邻国丹麦的旅客入境,入境禁令不会影响到从丹麦或英国前往瑞典的瑞典公民,但其他抵达瑞典的旅客将被拒绝入境。瑞典外交部还发布旅行警告,禁止一切前往英国的非必要旅行。
瑞士联邦委员会21日宣布,自12月14日以来从英国进入瑞士的所有人必须隔离10天。 瑞士联邦民航局也宣布,从12月20日午夜起暂停瑞士与英国之间的航班。
 克罗地亚总理普连科维奇20日晚通过个人社交账号宣布,克罗地亚将从当晚开始,在连续48小时内暂时拒绝来自英国的客运航班降落,以待有关各方将变异新冠病毒的情况调查清楚。
法国总理府20日发表声明,自20日24时起的48小时内暂停来自英国的所有人员进入法国,包括与公路、铁路、航空、水路有关的货运人员入境。来自英国无人随行的货物运输及法国前往英国的人员旅行保持正常。
  变异病毒是否影响疫苗有效性也备受关注。欧洲药品管理局21日就美国辉瑞制药有限公司与德国生物新技术公司联合研发的一款新冠疫苗的安全性和有效性做出正面评估,欧盟委员会随后批准该疫苗在欧盟境内有条件上市。欧洲药品管理局负责人艾梅尔•库克表示,尚无证据表明该疫苗对英国出现的变异新冠病毒无效。(参与记者:刘曲、张家伟、李骥志、付一鸣、张毅荣、唐霁、聂晓阳)(完)
图说1:这是12月21日在英国伦敦圣潘克拉斯火车站拍摄的“欧洲之星”列车。新华社发(蒂姆•爱尔兰摄)
图说2:这是12月21日在英国伦敦圣潘克拉斯火车站拍摄的空荡荡的“欧洲之星”国际出发大厅。新华社发(蒂姆•爱尔兰摄)
图说3: 12月21日,旅客在英国伦敦希思罗机场第二航站楼排队等待进入出发大厅。新华社发(蒂姆•爱尔兰摄)
图说4-5:12月21日,一个人在英国伦敦希思罗机场第五航站楼抵达大厅等候。