Connect with us

Europe

ပြင်သစ်နိုင်ငံက မဖြစ်မနေ ခရီးသွားလာမှုမှလွဲ၍ အီးယူမဟုတ်သောနိုင်ငံများနှင့် နယ်စပ်များကို ပိတ်ထားမည်ဟု ဝန်ကြီးချုပ်ပြော

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသော ရဲအရာရှိများကို တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပြင်သစ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် မဖြစ်မနေခရီးသွားလာမှုမှလွဲ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံများနှင့် နယ်စပ်များကို ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ ပိတ်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Jean Castex က ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ကြေညာခဲ့သည်။

“ပြင်သစ်နိုင်ငံသို့ မည်သည့်ဝင်ပေါက်ကနေဖြစ်စေ၊ ကျွန်တော်တို့နိုင်ငံပိုင်နက်မှ သို့မဟုတ် ဥရောပသမဂ္ဂပြင်ပရှိ နိုင်ငံတစ်နိုင်ငံသို့ မည်သည့်ဝင်ပေါက်၊ ထွက်ပေါက်ကိုမဆို မဖြစ်မနေ အကြောင်းကိစ္စမဟုတ်ပါက ဇန်နဝါရီ ၃၁ ရက် ညသန်းခေါင်ကနေ စတင်ပိတ်ထားမှာဖြစ်ပါတယ်” ဟု သမ္မတနန်းတော်တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးနောက် Castex က ပြောခဲ့သည်။ (Xinhua)

ပုံစာ – 

#France, #Border, #Coronavirus, #EU, #Xinhua, #ပြင်သစ်, #ကိုရိုနာဗိုင်းရပ်စ်, #နယ်စပ်, #ဥရောပသမဂ္ဂ, #ဆင်ဟွာ
——————————-
(English Version)
Urgent: France to close borders with non-EU countries except for essential travel: PM
Source: Xinhua| 2021-01-30 04:00:10|Editor: huaxia
PARIS, Jan. 29 (Xinhua) — To stem the spread of coronavirus, France will close its borders to countries outside the European Union except for essential travel, starting from Sunday, Prime Minister Jean Castex announced on Friday evening.
“Any entry into France and any exit from our territory to or from a country outside the European Union will be prohibited, unless there is a compelling reason, from 00:00 on Sunday,” said Castex following a cabinet meeting at the presidential palace. Enditem
Police officers wearing protective masks are seen on a street in Paris, France, on April 7, 2020. As France entered its fourth week of lockdown, the COVID-19 epidemic still hit hard, claiming on Tuesday 1,417 more deaths in hospitals and nursing homes, making the combined fatalities at 10,328, a French health official said. (Photo by Aurelien Morissard/Xinhua)