ပေကျင်း ၊ မတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ် ၃ ရက်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအသစ် ၁၁၉ ရှိပြီး သေဆုံးသူ ၃၈ ဦးရှိကြောင်းကို အစီရင်ခံစာများ အသီးသီးရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းအထိ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၄၁,၆၂၅ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၁ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကူးစက်ရောဂါအဓိကဖြစ်ပွားနေသော ဟူပေပြည်နယ် ပြင်ပတွင် ဖေဖော်ဝါရီ ၂၉ ရက်က COVID-19 ရောဂါကူးစက်ခံရမှု လူနာအသစ် အရေအတွက်မှာ သုံးဦး သာရှိကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၃၂,၄၉၅ ဦးထိရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Chang Hua က အီရန်ပြည်သူများအား နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှ အကာအကွယ်ပေးရန် ထောက်ပံ့မှုတစ်ခုအနေဖြင့် အီရန်နိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ပညာဝန်ကြီးဌာနထံသို့ နှာခေါင်းစည်း အခုရေ ၂၅၀,၀၀၀ ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း...
ပေကျင်း၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့တွင် စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် “ တိရစ္ဆာန်မှတစ်ဆင့် လူသားဆီသို့ သဘာဝအတိုင်းကူးစက်ဖြစ်ပေါ်လာခြင်း” ဖြစ်ကြောင်းနှင့် “ အချို့သော ဇီဝလက်နက်သုသေတနပြုလုပ်မှုမှတစ်ဆင့် ဖြစ်ပေါ်လာခြင်း” ဆိုသည့် ပြောဆိုမှုမျိုးကဲ့သို့ မဟုတ်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါဗေဒဆိုင်ရာ ဦးဆောင်ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းမှာ ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်လာပုံမူလအစနှင့်ပတ်သက်၍ အပုတ်ချပြောဆိုမှုယူဆချက်အပေါ်...
အော့တဝါ ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်း၌ ကမ်းကပ်ထားသည့် Diamond Princess ဇိမ်ခံသင်္ဘောပေါ်မှ ကနေဒါနိုင်ငံသား ခရီးသည်တစ်ဦးသည် နေရပ်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက်တွင် အဖျားဝေဒနာခံစားခဲ့ရကြောင်း ၊ သို့သော် ၎င်းအား စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားရှိပြီးနောက် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းမရှိကြောင်း ဒေသတွင်း မီဒီယာက...
ဝူဟန့် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် ဦးဆောင်ဦးရွက် ညွှန်ကြားမှုပြုလုပ်နေသည့် တရုတ်နိုင်ငံဗဟိုအစိုးရ လမ်းညွှန်အဖွဲ့က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာ ဝူဟန့်မြို့ရှိ ဝူဟန့်ဆေးရုံအကြီးအကဲ ဒေါက်တာ Liu Zhiming ကွယ်လွန်ခြင်းအတွက် ဖေဖော်ဝါရီ ၁၈ ရက်တွင် အလွန်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပညာရှင်များ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) မှ ပညာရှင်များ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုသည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး နှင့် ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။