Connect with us

Africa & Middle East

တရုတ်သံအမတ်ကြီးက COVID-19 ဖြစ်ပွားနေသော အီရန်နိုင်ငံသို့ နှာခေါင်းစည်း အခုရေ ၂၅၀,၀၀၀ ထောက်ပံ့

အီရန်နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး (အလယ်) က နှာခေါင်းစည်း ထောက်ပံ့လှူဒါန်းမှု အခမ်းအနားသို့တက်ရောက်စဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Chang Hua က အီရန်ပြည်သူများအား နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှ အကာအကွယ်ပေးရန် ထောက်ပံ့မှုတစ်ခုအနေဖြင့် အီရန်နိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ပညာဝန်ကြီးဌာနထံသို့ နှာခေါင်းစည်း အခုရေ ၂၅၀,၀၀၀  ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အီရန်နိုင်ငံသို့ ပေးပို့လှူဒါန်းသော နှာခေါင်းစည်း သေတ္တာများ အီရန်သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

“ ဒီနေ့မှာ အီရန်မှာ ရှိတဲ့ တရုတ်သံရုံးကိုယ်စား ကျနော်က နှာခေါင်းစည်း အခုရေ ၂၅၀,၀၀၀ ကို အီရန်နိုင်ငံဆီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်”ဟု သံအမတ်ကြီးက ပါရှန်ဘာသာဖြင့် တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။“ နောက်ထပ် ထောက်ပံ့မှုတွေလည်း လာနေပါပြီ ။ အားတင်ထားပါ အီရန် ။ ” ဟု ၎င်းက ဆိုသည်။အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၅ ဦးရှိပြီး ယင်းတို့ထဲမှ ၁၉ ဦးသည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သေဆုံးသွားကြောင်း အီရန် ကျန်းမာရေး နှင့် ဆေးဘက်ပညာဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာခဲ့သည်။(Xinhua)