ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်စပ်သော စစ်သွေးကြွ ၁၀၀ ခန့်သည် နိုဝင်ဘာ ၂၃ ရက်က လက်နက်ချခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
အန်ကာရာ ၊ မေ ၅ ရက်(ဆင်ဟွာ) တူရကီ စစ်သား ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်ခံရမှု တစ်ရပ်အား ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် ကာ့ဒ် စစ်သွေးကြွ ၂၈ ဦးအား မေ ၄ ရက်တွင် သုတ်သင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဖာရာ့၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် တွင် နေတိုးဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံတာလီဘန် ခေါင်းဆောင်တစ်ဦး အပါအဝင် အနည်းဆုံး တာလီဘန်စစ်သွေးကြွ ၁၉ ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ...
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Latakia ပြည်နယ် တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး ဆီးရီးယား တပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ရုရှားစင်တာ က နိုဝင်ဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၇၇ဦးအပါအဝင် IS စစ်သွေးကြွဟု သံသယရှိသူ ၈၂ဦးကို အစ္စတန်ဘူလ်မြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။
လက်စ်ခါဂါ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး အခြားသူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးက ယနေ့ (စက်တင်ဘာလ ၁၀ ရက်) တွင် ပြောကြားလိုက်သည်။
ဒါကာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ မြောက်ဘက် ၁၂၂ကီလိုမီတာခန့်အကွာ Mymensingh ခရိုင် ရှိ နေအိမ်တစ်လုံးအား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ စစ်သွေးကြွတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒမက်စကက်စ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် ရှိ IS စစ်သွေးကြွတို့၏ နောက်ဆုံး ခံတပ်အား ဇွန်လ ၅ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
ကဘူးလ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ပဋိပက္ခများ ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံ တစ်လျှောက် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဖဂန် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွ ၇၁ဦးအထိ သုတ်သင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။