Connect with us

Africa & Middle East

အလက်ပို အရှေ့ပိုင်းရှိ IS စစ်သွေးကြွတို့၏ နောက်ဆုံးခံတပ်အား ဆီးရီးယားစစ်တပ် သိမ်းပိုက်

ရန်ကုန်မြို့တွင်းရှိ လူနေတိုက်ခန်းများအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ဒမက်စကက်စ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဆီးရီးယားစစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် ရှိ IS စစ်သွေးကြွတို့၏ နောက်ဆုံး ခံတပ်အား ဇွန်လ ၅ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

ဆီးရီးယားစစ်တပ် နှင့် ရုရှားကျောထောက်နောက်ခံ ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားများသည် အလက်ပိုပြည်နယ် ရှိ စစ်သွေးကြွတို့၏ နောက်ဆုံး ခံတပ်နေရာဖြစ်သော မက်စ်ကာနာ့မြို့ သို့ ဝင်ရောက်ခဲ့ကြကြောင်း ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။အလက်ပိုပြည်နယ် အရှေ့တောင်ပိုင်း အစွန်အဖျားရှိ မက်စ်ကာနာ့မြို့ကို သိမ်းပိုက်နိုင်ခြင်းသည် အလက်ပိုတွင် ISတို့တည်ရှိနေခြင်းကို အဆုံးသတ်နိုင်ပေးနိုင်သော အစိုးရစစ်တပ် နှင့် မဟာမိတ်များ၏ အောင်မြင်သည့် စစ်ဆင်ရေးများဖြစ်ကြောင်း သိရသည်။

လေ့လာစောင့်ကြည့်ရေးအဖွဲ့က မြေပြင်အခြေစိုက် တက်ကြွလှုပ်ရှားသူများ ကွန်ရက်ကို ၏ ပြောကြားချက်ကို ကိုးကား၍ စစ်တပ်သည် ဖောက်ခွဲရေးပစ္စည်းများ နှင့် လမ်းမိုင်းများကို ဂရုတစိုက်ရှာဖွေပြီး ဇွန်လ ၄ ရက် အစောပိုင်းတွင် မက်စ်ကာနာ့မြို့သို့ ချီတက်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ထပ်မံ၍ ၎င်းက မက်စ်ကာနာ့မြို့ နှင့် IS တို့အုပ်စိုးရာ Raqqa ပြည်နယ် ကို ဆက်သွယ်ပေးထားသော လမ်းမအား ဖြတ်တောက်ပြီးနောက် မက်စ်ကာနာ့မြို့အား အပြည့်အဝ သိမ်းပိုက်ခြင်းမပြုခင် IS စစ်သွေးကြွများ နှင့် ၎င်းတို့၏ မိသားစုများ သည် မြို့မှ ဆုတ်ခွာသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ဆီးရီးယားတပ်ဖွဲ့များက အလက်ပိုမြို့တစ်မြို့လုံးကို ပြန်လည် ထိန်းချုပ်မှုများ ပြုလုပ်ပြီးနောက် အလက်ပို ပြည်နယ်အစွန်အဖျားတွင် ဇန်နဝါရီလ ၁၇ ရက်ကတည်းက ပြင်းထန်သော ထိုးစစ်ဆင်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117