Connect with us

Africa & Middle East

အာဖဂန် တပ်ဖွဲ့၏ စစ်ဆင်ရေးများအတွင်း စစ်သွေးကြွ ၇၁ဦးကို သုတ်သင်နိုင်ခဲ့

အာဖဂန်နစ္စတန်နိုင်ငံ မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ပဋိပက္ခများ ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံ တစ်လျှောက် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဖဂန် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွ ၇၁ဦးအထိ သုတ်သင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်၌ အာဖဂန် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အစွန်းရောက် အကြမ်းသမားများ အား ရှင်းလင်းသုတ်သင်ရန် အချို့သော ဧရိယာများ၌ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စစ်ဆင်ရေး ၁၂ခုကို ပြုလုပ်ခဲ့ပြီး ရလဒ်အနေဖြင့် လွန်ခဲ့သော ၂၄နာရီအတွင်း စစ်သွေးကြွ ၇၁ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ပါရှိသည်။

Nangarhar, Helmand, Laghman, Farah, Kunduz, Ghor, Wardak နှင့် Zabul ပြည်နယ်များတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း အကြမ်းဖက်သမား ၄၀ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ၇ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။သို့သော် ထုတ်ပြန်ချက်၌ စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှု ရှိ၊မရှိ ကို ဖော်ပြခဲ့ခြင်းမရှိဘဲ အာဖဂန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော တာလီဘန် နှင့် IS စစ်သွေးကြွအုပ်စုတို့ဘက်ကလည်း စစ်ဆင်ရေးများ နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)