Connect with us

Africa & Middle East

တူရကီက တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်မှု အနေဖြင့် ကာ့ဒ် စစ်သွေးကြွ ၂၈ ဦးအား သုတ်သင်

တူရကီ စစ်သားများအား တူရကီ နှင့် ဆီးရီးယား နယ်စပ်တွင် တွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မေ ၅ ရက်(ဆင်ဟွာ)

တူရကီ စစ်သား ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်ခံရမှု တစ်ရပ်အား ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် ကာ့ဒ် စစ်သွေးကြွ ၂၈ ဦးအား မေ ၄ ရက်တွင် သုတ်သင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း Hakkari ပြည်နယ်၌ မေ ၄ ရက် အစောပိုင်းတွင် ကာ့ဒ် အလုပ်သမားများ ပါတီ(PKK)က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တူရကီ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ Hakkari ပြည်နယ် နယ်စပ် အခြေစိုက် တပ်စခန်း တစ်ခုအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ ကာ့ဒ်ထိန်းချုပ်ထားသည့် ဆီးရီးယား မြောက်ပိုင်းဒေသ Tel Rifaat တွင် ဆီးရီးယား ကာ့ဒ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ အပြီး တူရကီ စစ်သား တစ်ဦး သေဆုံးခဲ့ပြီး အခြား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တူရကီ နိုင်ငံ Hakkari ပြည်နယ် နှင့် ဆီးရီးယား နိုင်ငံ Tel Rifaat ဒေသတွင် နှစ်ခုလုံးတွင် တူရကီ စစ်တပ်က ဝေဟင်မှ ဗုံးကြဲ တိုက်ခိုက်ခြင်း နှင့် လက်နက်ကြီး အမြောက်ဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် ပြန်လည် တုံ့ပြန်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တူရကီ ၊ အမေရိကန် နှင့် ဥရောပ သမဂ္ဂတို့က အကြမ်းဖက် အုပ်စု အဖြစ် သတ်မှတ်ထားသော PKK သည် တူရကီ နိုင်ငံတွင် ၁၉၈၄ ခုနှစ် ကတည်းက ပုန်ကန် သောင်းကျန်းမှုများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117