Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် စစ်သွေးကြွ ၈ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်ပြည်နယ်ရှိ လမ်းပေါ်တွင် တိုက်ခိုက်မှု တစ်ခုအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူအချို့အား တွေ့ရစဉ် (ဆင်ဟွာ)

လက်စ်ခါဂါ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး အခြားသူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးက ယနေ့ (စက်တင်ဘာလ ၁၀ ရက်) တွင် ပြောကြားလိုက်သည်။

“ဟဲလ်မန်ပြည်နယ်က Sangin ၊ Nahri Sarraj ၊ Garmser နဲ့ Washer ခရိုင်တွေမှာ စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့ နေရာတွေမှာ ပြုလုပ်ခဲ့တဲ့ ၂၄ နာရီ လေကြောင်း စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူတွေထဲမှာ စစ်သွေးကြွ ၅ ဦး ပါဝင်ပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်း စစ်ဆင်ရေးကာလမှာပင်Nahri Sarraj ခရိုင် Yakhchal နယ်မြေမှာ လက်လုပ် ဖောက်ခွဲရေးပစ္စည်း (IED) ရုတ်တရက် ပေါက်ကွဲမှုကြောင့် တာလီဘန် ၃ ဦး သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်း မတော်တဆမှုများနှင့် ပတ်သက်၍ တာလီဘန်များဘက်မှ မှတ်ချက်ပြုထားခြင်း မရှိသေးပေ။ဟဲလ်မန်ပြည်နယ်သည် ဘိန်းစိုက်ပျိုးခြင်းဖြင့် နာမည်ကြီးနေသလို တာလီဘန်များ အခိုင်အမာတပ်စွဲထားရာ ဒေသ တစ်ခုအဖြစ်လည်း လူသိများကြောင်း သိရသည်။ (Xinhua)