အာဖဂန်နစ္စတန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် ရှိ နယ်မြေအစိတ်အပိုင်းတစ်ချို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း တာလီဘန်စစ်သွေးကြွများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၂၁ဦးသေဆုံးပြီး ရွာ ၂၁ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Aref...
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Qamar Javed Bajwa သည် စစ်သွေးကြွ ၁၁ဦးအား နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် ဆက်စပ်နေသော တိုက်ခိုက်မှုများကို ပါဝင် လုပ်ဆောင်ခဲ့မှုဖြင့် သေဒဏ်ချမှတ်ရန် နိုဝင်ဘာ ၂၃ ရက်က အတည်ပြုပေးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ကပြောကြားခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ၌ လွန်ခဲ့သော ၂၄နာရီအတွင်း ပြုလုပ်ခဲ့သည့် ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် IS စစ်သွေးကြွ ၁၂၀ခန့် နှင့် နိုင်ငံခြားသား ကြေးစားစစ်သား ၆၀ဦးကျော် သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
ကွာလာအယ်နော်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်အနောက်ပိုင်း Badghis ပြည်နယ်ရှိ ကျေးရွာများကို တာလီဘန်အကြမ်းဖက်အုပ်စုထံ သစ္စာခံထားသည့် စစ်သွေးကြွများက ထိန်းချုပ်သိမ်းပိုက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ရွာသား များစွာကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက အောက်တိုဘာ ၇ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အာဏာပိုင်များသည် မကြာသေးမီက IS တို့လက်မှ လွတ်မြောက်ခဲ့သည့် မိုဆူးလ်မြို့အနီးရှိ စခန်းတစ်ခုတွင် IS စစ်သွေးကြွများ၏ နိုင်ငံခြားသားဇနီးများ နှင့် သားသမီး ၁,၄၀၀ ခန့်ကို ထိန်းသိမ်းထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့ ၏ မတူညီသောနေရာများတွင် လွန်ခဲ့သည့် ၂၄နာရီအတွင်း ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့၏စီးနင်းမှုများအတွင်း စစ်သွေးကြွအဖြစ်သံသယရှိသူ ၅၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နှင့် ယင်းစစ်ဆင်ရေးများအတွင်း သံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင်...