Connect with us

Asia

ပါကစ္စတန်စစ်ဦးစီးချုပ်က စစ်သွေးကြွ ၁၁ဦးကို သေဒဏ်ချမှတ်ရန် အတည်ပြု

ပါကစ္စတန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Qamar Javed Bajwa အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Qamar Javed Bajwa သည် စစ်သွေးကြွ ၁၁ဦးအား နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် ဆက်စပ်နေသော တိုက်ခိုက်မှုများကို ပါဝင် လုပ်ဆောင်ခဲ့မှုဖြင့် သေဒဏ်ချမှတ်ရန် နိုဝင်ဘာ ၂၃ ရက်က အတည်ပြုပေးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ကပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာန က ပြစ်မှုထင်ရှားသည့် အကြမ်းဖက်သမား ၂၂ဦးကိုလည်း စစ်ခုံရုံးက ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

၎င်းတို့သည် အရပ်သား တစ်ဦး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ဦး အပါအဝင် လူ ၂၆ဦးကို သတ်ဖြတ်ပြီး အခြားလူ ၂၂ဦးကို ဒဏ်ရာရရှိစေခဲ့မှု တွင် ပါဝင်ခဲ့ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများအတွင်း လက်နက်များ နှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က အဆိုပါ တရားခံများကို အထူး စစ်ခုံရုံးများတွင် စစ်ဆေးခဲ့ပြီး ၎င်းတို့သည် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ကြကြောင်း သိရသည်။ ယင်း စစ်သွေးကြွများသည် တရားမဝင် အဖွဲ့အစည်းများတွင် ပါဝင်နေကြောင်း သိရသည်။

ကလေးငယ် ၁၃၂ဦး အပါအဝင် လူ ၁၅၀ဦးနီးပါးသေဆုံးခဲ့သော စစ်တပ်စာသင်ကျောင်းတစ်ခု ၂၀၁၄ခုနှစ် ဒီဇင်ဘာလတွင် တိုက်ခိုက်ခံရမှုအပြီး အကြမ်းဖက်မှု နှင့် ဆက်စပ်နေသော တရားခံများကို အမြန်ဆုံး တရားစီရင်နိုင်ရန် စစ်ခုံရုံးများကို အချိန်ကာလ ၂နှစ် သတ်မှတ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၇ခုနှစ် မတ်လတွင် ပါကစ္စတန်ပါလီမန် သည် စစ်ခုံရုံးများအား ၂နှစ်တာကာလအထိ တိုးမြှင့်သည့် ဥပဒေတစ်ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။ (Xinhua)