Connect with us

Africa & Middle East

အီရတ်နိုင်ငံက မိုဆူးလ်မြို့အနီးရှိ စခန်းတစ်ခုတွင် IS စစ်သွေးကြွများ၏ နိုင်ငံခြားသားမိသားစုဝင်များကို ထိန်းသိမ်းထား

Hammam al-Alil ဒေသ ရှိ ဒုက္ခသည်စခန်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ အာဏာပိုင်များသည် မကြာသေးမီက IS တို့လက်မှ လွတ်မြောက်ခဲ့သည့် မိုဆူးလ်မြို့အနီးရှိ စခန်းတစ်ခုတွင် IS စစ်သွေးကြွများ၏ နိုင်ငံခြားသားဇနီးများ နှင့် သားသမီး ၁,၄၀၀ ခန့်ကို ထိန်းသိမ်းထားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။

မိုဆူးလ်မြို့တောင်ဘက် ၅၀ကီလိုမီတာအကွာ Hammam al-Alil ဒေသ ရှိ ထိန်းသိမ်းရေးစခန်းတစ်ခု တွင် ထိန်းသိမ်းထားသည့် IS စစ်သွေးကြွများ၏ နိုင်ငံခြားသား မိသားစုဝင်များအနက် အများစုမှာ မူရင်းသက်သေခံစာရွက်စာတမ်းများမရှိသဖြင့် ၎င်းတို့၏ မိခင်နိုင်ငံများကို သိရှိနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေးမြန်းစစ်ဆေးလျက်ရှိကြောင်း နေရာချထားရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဝန်ကြီးဋ္ဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ Jasim al-Attiyah က ဆင်ဟွာသို့ပြောကြားခဲ့သည်။

မိုဆူးလ်မြို့ရှိ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ထိန်းသိမ်းခံထားရသူများသည် ရုရှား နှင့် တူရကီနိုင်ငံ အပြင် ဥရောပနှင့် အာရှနိုင်ငံများမှ နိုင်ငံသားများဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။သတင်းရင်းမြစ်က ၎င်းတို့သည် Tal Afar ဒေသတွင် အီရတ်တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် သေဆုံးသွားသော IS စစ်သွေးကြွများ ၏ မိသားစုဝင်များ (သို့) အီရတ်တပ်ဖွဲ့ဝင်များ နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များထံ လက်နက်ချအညံ့ခံလာသည့် IS စစ်သွေးကြွများ၏ မိသားစုဝင်များဖြစ်ကြောင်း ပြောကြားခဲ့သည်။အီရတ်ဝန်ကြီးချုပ် Haider al-Abadi က Tal Afar မြို့ အပါအဝင် ၎င်းအနီးအနားရှိ ဧရိယာများသည် IS စစ်သွေးကြွများ၏ထိန်းချုပ်မှုအောက်မှ အပြည့်အဝလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သြဂုတ် ၃၁ရက် က ကြေညာခဲ့သည်။ (Xinhua)