Connect with us

Africa & Middle East

အာဖဂန်တွင် စစ်သွေးကြွ ၂၀ဦးကျော်ကို သုတ်သင်ရှင်းလင်းပြီး ရွာ ၂၁ရွာကို ပြန်လည်သိမ်းပိုက်

အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် ရှိ နယ်မြေအစိတ်အပိုင်းတစ်ချို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း တာလီဘန်စစ်သွေးကြွများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၂၁ဦးသေဆုံးပြီး ရွာ ၂၁ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Aref Nuri က ဧပြီ ၁၇ ရက်တွင်ပြောကြားခဲ့သည်။

ပြည်နယ်မြို့တော် Ghazni မြို့ အစွန်ရှိ Hasan Abad ရွာတွင် စစ်သွေးကြွတပ်မှူး Qazi Hasan အပါအဝင် စစ်သွေးကြွ ၉ဦး သေဆုံးခဲ့ပြီး အဆိုပါဧရိယာ၌ တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

Gilan၊ Qarabagh နှင့် Khawja Omari ခရိုင်များတွင် စစ်သွေးကြွ ၁၂ဦးကျော်သေဆုံးခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း Khawja Omari ခရိုင်ရှိ ရွာ ၂၀ကျော်တွင် တာလီဘန်စစ်သွေးကြွများကို ရှင်းလင်းခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

စစ်သွေးကြွအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူပြောကြားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှု နှင့် ပတ်သက်၍ ပြောကြားခြင်းမရှိကြောင်း သိရသည်။

တာလီဘန်စစ်သွေးကြွအုပ်စုမှ ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)