Connect with us

Africa & Middle East

ဆီးရီးယားတွင် ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွ ၁၂၀ ဦးနှင့် ကြေးစားစစ်သား ၆၀ဦးသေဆုံး

ဆီးရီးယားရှိ စစ်သွေးကြွများအား ရုရှား Su-34 ဗုံးကြဲလေယာဉ်ဖြင့် တိုက်ခိုက်ချေမှုန်းနေစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ၌ လွန်ခဲ့သော ၂၄နာရီအတွင်း ပြုလုပ်ခဲ့သည့် ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် IS စစ်သွေးကြွ ၁၂၀ခန့် နှင့် နိုင်ငံခြားသား ကြေးစားစစ်သား ၆၀ဦးကျော် သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားလေကြောင်းတိုက်ခိုက်မှုများသည် ဆီးရီးယား-အီရတ် နယ်စပ်အနီး အယ်ဘူကာမယ် မြို့ရှိ IS တို့၏ အဓိကစခန်းတစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး တာဂျစ်စတန်နိုင်ငံ နှင့် အီရတ်နိုင်ငံမှ စစ်သွေးကြွ ၄၀ဦးခန့် သေဆုံးသွားကြောင်း ဝန်ကြီးဋ္ဌာန၏ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ဆီးရီးယားရှိ စစ်သွေးကြွးများ၏ နောက်ဆုံးခြေကုပ်ယူရာ နေရာများအနက်တစ်ခုဖြစ်သည့် Deir al-Zour ပြည်နယ် Mayadeen မြို့ ရှိ စစ်သွေးကြွ ၈၀ဦးခန့် ခိုအောင်းနေမည်ဟု ခန့်မှန်းရသော IS တို့၏စခန်းတစ်ခုအား ရုရှားဂျက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။Deir al-Zour ပြည်နယ် တောင်ပိုင်း ယူဖရေးတီးမြစ်ဝှမ်းဒေသတွင် လွတ်လပ်သော ဓနသဟာရနိုင်ငံများ၊ တူနီးရှားနိုင်ငံ နှင့် အီဂျစ်နိုင်ငံများမှ နိုင်ငံခြားသား စစ်သွေးကြွ ၆၀ဦးကျော်ကို ရုရှားလေတပ်က သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ထို့ပြင် Konashenkov က ဆီးရီးယားနိုင်ငံ၌ မကြာသေးမီက ဆောင်ရွက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ အတွင်း IS အကြီးတန်းခေါင်းဆောင် Abu Omar Al-Shishani အပါအဝင် IS စစ်သွေးကြွတပ်မှူး ၃ဦး သေဆုံးသွားကြောင်း အတည်ပြုပြောကြားခဲ့သည်။ (Xinhua)