ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ရေကူးသမား အများအပြားသည် ၂၀၂၁ ခုနှစ်တွင် trimetazidine စိတ်ကြွဆေး positive ရလဒ် စစ်ဆေးတွေ့ရှိခဲ့သော်လည်း အပြစ်ပေးခြင်းမရှိကြောင်း နိုင်ငံခြားသတင်းမီဒီယာတစ်ချို့က မကြာသေးမီက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၂၃,၈၅၄ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇူလိုင် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၀,၇၈၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ဒေသ ကာလပေါက်ဈေးငွေကျပ် သိန်းပေါင်း ၁၆,ဝဝ၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ မေ ၁၃ ရက် တွင် သတင်း ထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းခုတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း၁၁,၀၀၀ ကျော်တန်ဖိုး ရှိမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သပြေရ ကျေးရွာအထွက်(Mobile X-Rays ကွင်းရှောင်လမ်း)တွင် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၆၅၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၅ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၇၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၁,၄၀၀ သိန်း) အားဖမ်းဆီးရမိခဲ့ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် စိတ်ကြွဆေးပြား (WY) သုံးစွဲမှုများ ပပျောက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် ငွေကျပ် ၆၉၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ ပြား အား သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။